Chapter 1 : Part 2

4.8K 768 11
                                    

Unicode

စူးယိရန်က ရေနွေးပူပူတစ်ခွက်နှင့် သဘတ်အပူတစ်ထည်ကိုယူကာ ပြန်ဝင်လာတော့ ကုယွမ်းထင်က ကုတင်ဘေးမှာ ခေါင်းငိုက်စိုက်ချထိုင်နေတာကိုမြင်လိုက်ရသည်။ မျက်နှာကတော့ အရိပ်ကျနေတာမို့ အမူအရာကို မမြင်ရပေ။

သူက ခွက်ကို ကုယွမ်းထင်ထံ ကမ်းပေးလိုက်သည်။

"ရေနွေးနည်းနည်းလောက် သောက်မလား"

တစ်ဖက်လူက ပြန်မဖြေသလို လှုပ်လည်းမလှုပ်တာကိုမြင်တော့ သူက ခွက်ကို ဘေးနားက စားပွဲပေါ်တင်ကာ ကုယွမ်းထင်၏ ရှေ့တည့်တည့်၌ ငုတ်တုတ်ထိုင်ချရင်း ထိုသူ၏ ဘယ်ဘက်က ညအိပ်ဘောင်းဘီကို လိပ်တင်လိုက်သည်။

"ကျွန်တော် ကြည့်ကြည့်ရအောင်"

သည်တစ်ခါတော့ ကုယွမ်းထင်က စူးယိရန်ကို တွန်းမဖယ်တော့။ သူက ခေါင်းငုံ့ထားကာသာ တစ်ဖက်လူကို တိတ်တိတ်လေး လေ့လာနေလိုက်သည်။

စူးယိရန်က ကုယွမ်းထင်၏ ဘယ်ဘက်ညအိပ်ဘောင်းဘီကို ဒူးအထိရောက်အောင် လိပ်တင်လိုက်သည်။ သူက ခြေသလုံးနှင့် ဒူးနေရာ တော်တော်များများကို လက်ဖြင့် ဖွဖွ ဖိကြည့်နေရင်းမှ ခေါင်းမော့ကာ မေးလာသည်။

"ဒီနေရာက နာနေသေးလား"

ကုယွမ်းထင် မတုံ့ပြန်တာကိုမြင်တော့ သူက အတော်နာနေလို့ပဲဟု တွေးကာ တစ်ဖက်လူကို ​ကုတင်ပေါ် ခြေထောက်တင်ဖို့ ပြော၍ ဒူးနှင့် ခြေသလုံးအပေါ် သဘတ်ပူပူကို တင်လိုက်သည်။ ထို့နောက်မှ သဘတ်ပူပူကနေတဆင့် ကုယွမ်းထင်၏ ခြေသလုံးသားတို့ကို နှိပ်နယ်ပေးလိုက်လေသည်။

ကုယွမ်းထင်ကတော့ ဤစူးယိရန်ကို တိတ်ဆိတ်စွာ၊ ငြိမ်သက်စွာ လေ့လာနေဆဲ။

နက်မှောင်ကာ နူးညံ့သော ဆံနွယ်မျှင်တချို့က စူးယိရန်ခေါင်းငုံ့ထားချိန်မှာ သူ့နဖူးပေါ် ဝဲကျနေသည်။ သူ၏ မျက်နှာဖွေးဖွေးသေးသေးလေးနှင့် ငိုက်စိုက်ချထားသော ဗာဒံစေ့မျက်ဝန်းအိမ်ကြီးကြီးတို့က အပြစ်ကင်းရိုးသားသည့်ဟန် ပေါက်နေစေ၏။ရှည်လျားသည့် မျက်တောင်တို့ဟာလည်း စိုက်စိုက်ကလေးဖြစ်နေကာ ခြေသလုံးကို အလေးအနက် နှိပ်နယ်ပေးနေသော ပုံစံလေးဟာလည်း ချောမောသည့်ဆယ်ကျော်သက်ဟန်လေး ပေါက်နေပေသည်။

မျက်နှာက အတူတူပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ခံစားရသည့် ခံစားချက်ကတော့ သူ့မှတ်ဥာဏ်ထဲက ရန်သူတော်ကြီးနှင့် လုံးလုံးကို ကွာခြားနေ၏။

သူက ဘယ်သူများလဲ။

စူးယိရန်က သဘတ်ပူပူဟာ နွေးလာတာကို ခံစားမိတော့ ဖယ်ရှားလိုက်ရင်း ကုယွမ်းထင်ကို မေးလိုက်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now