Chapter 1 : Part 3

4.5K 696 14
                                    

Unicode

စူးယိရန်က သည်နေ့ဆိုင်သစ်ကိုယူသွားရမည့် ပစ္စည်းတွေကို သေတ္တာထဲထည့်ကာ ထုတ်ပိုးနေလိုက်သည်။ တကယ်တော့ သူမနေ့ကတည်းက ထုတ်ပိုးပြီးသွားပြီဖြစ်ပြီး အနည်းငယ်သာ ကျန်ရှိပေတော့သည်။

သူနှင့် ကုယွမ်းထင်ဟာ ကောလိပ်တုန်းက ကျောင်းကန်တင်းမှာ ဝင်းဒိုးမစ်တီးဆိုင်တစ်ဆိုင်ကို အတူတူဖွင့်ခဲ့ကြဖူးသည်။

အဓိကအားဖြင့် မစ်တီးနှင့် အချိုပွဲတွေရောင်းတာဖြစ်၏။ စီးပွားရေးက သိပ်မဆိုးလှ။သူတို့ဟာ ဘွဲ့ရပြီး သုံးနှစ်လောက်ထိ ဆိုင်ဆက်ဖွင့်ဖြစ်ခဲ့ကြသည်။

ခုတော့ စုငွေတွေ တဖြည်းဖြည်းများပြားလာပြီဖြစ်တာကြောင့် ပိုမိုကောင်းမွန်သည့်ဘဝမှာ နေထိုင်ရန်အလို့ငှာ နှစ်ဦးသားက ဆိုင်လေးကို တိုးချဲ့၍ မြို့ထဲမှာ မုန့်အချိုဆိုင်ဖွင့်ကြဖို့ ဆွေးနွေးပြီးနောက်မှာ ဆုံးဖြတ်လိုက်ကြသည်။

နှစ်ယောက်သားဟာ သည်ရက်တွေမှာ ဆိုင်အသစ်ကိစ္စနှင့် အလုပ်ရှုပ်နေခဲ့ကြသည်။ ကျောင်းကန်တင်းက မစ်တီးဆိုင်ကိုတော့ ကျောင်းက ကျောင်းသား/သူတွေကိုပင် အချိန်ပိုင်းဝန်ထမ်းအနေဖြင့် ငှားထားလိုက်ပြီဖြစ်သည်။

ယခုအချိန်ထိ မြေနေရာရွေးတာ၊ အလှဆင်တာ၊ လျှောက်လွှာတင်တာ၊ စာရွက်စာတမ်းလုပ်တာ စသည့် ဆိုင်သစ်၏ အစောပိုင်းအခြေအနေတွေက ပြီးသွားပြီဖြစ်ကာ ဆိုင်မဖွင့်မှီပြင်ဆင်ရမည့်အပိုင်းတွေကတော့ လက်စသတ်လုနီးပြီ ဖြစ်သည်။ စူးယိရန်ကတော့ နေ့ကောင်းရက်သာ ရွေးပြီးပြီဖြစ်ကာ ရက်အနည်းငယ်အတွင်းမှာပင် ဆိုင်ဖွင့်တော့မည် ဖြစ်ပေသည်။

စူးယိရန်က ကြီးမားသည့် သေတ္တာနှစ်လုံးနှင့် အိတ်အနည်းငယ်ကို ထုတ်ပိုးကာ အပြင်ထွက်လျှင် ကားပေါ်တင်ကာ ယူသွားဖို့ တံခါးဝနားမှာ ထား,ထားလိုက်သည်။

ထို့နောက်မှ သူက မီးဖိုချောင်ထဲဝင်ကာ ကြက်ဥဘန်းမုန့်အနည်းငယ်ကို ဒယ်ပြားထဲ ထည့်ကြော်လိုက်သည်။ ဆေးဘဲဥအပြင်ဇောက်နက်နက်အိုးနှင့် ကြိုချက်ထားသည့် အသားလွှာပါးပါးပါသည့် ဆန်ပြုတ်လေးလည်း အဆင်ပြေချေပြီ။ အချိန်ကိုကြည့်လိုက်တော့ ၇နာရီ ခွဲပြီ ဖြစ်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now