Chapter 2 : Part 2

4.3K 715 24
                                    

Unicode

ဒါက ဘယ်လိုဖြစ်ရတာလဲ။ တအားထူးဆန်းလွန်းတယ်။

ပုံမှန်ရှိနေတတ်တဲ့ သတိနိုးကြားမှုတွေက လုံးဝကို မတည်ရှိတော့သလိုမျိုး။ အဲ့ဒါတွေက စူးယိရန်ရှေ့မှာဆို အသုံးမဝင်တော့သလိုမျိုး။

ကုယွမ်းထင် မျက်မှောင်ကြုတ်ကာ ကားပါကင်တစ်ဝိုက်ကို ကြည့်လိုက်သည်။ ပုံမှန်မဟုတ်တာ ဘာမှရှိမနေချေ။ သာမန်မြေအောက်ကားပါကင်တစ်ခုနှင့်ပင်တူသည်။

သူ ကားပါကင်ကနေ ထွက်ကာ အနီးအနားဝန်းကျင်ကို လမ်းလျှောက်ကြည့်ဖို့ အစီအစဥ်ချလိုက်၏။

ဤနေရာက စိမ်းလန်းစိုပြေသည့် ရှေးဆန်ဆန် ရပ်ကွက်ဝန်းကျင်ဖြစ်သည်။ သို့ပေမဲ့ တချို့နောက်ဆက်တွဲအဆောက်အအုံတွေက သိပ်မပြည့်စုံသေးသလို ရှိသည့်အဆောက်အဦးတွေကလည်း အလွန်အိုဟောင်းနေသည်။နေစရာလိုအပ်နေသည့် လူငယ်များမှလွဲလျှင် ဤရပ်ကွက်မှာနေသူများဟာ သက်ကြီးရွယ်အိုများသာ ဖြစ်ကြပေသည်။

ကုယွမ်းထင် လမ်းပေါ်မှာ လမ်းလျှောက်နေတုန်းမှာ မနက်ခင်းလမ်းလျှောက်ရန်ထွက်လာသည့် အန်တီကြီး၊ အန်ကယ်ကြီးများကို တွေ့လိုက်ရသည်။ သူတို့ထဲက တချို့က သူ့ကိုသိနေပုံရကာ သူ့ကိုမြင်ချိန်မှာ ရင်းရင်းနှီးနှီး နှုတ်ဆက်သွားကြလေသည်။

ယင်းက သူ့အား ထူးဆန်းလှသည့် အထီးကျန်ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ယခင်ကဆို သူ့အနားက လူတွေဟာ ဟန်ဆောင်ပြုံးပြတာမျိုး ဖြစ်ချင်ဖြစ် မဟုတ်လျှင် အဝေးကနေကြောက်လန့်တကြားရှောင်တိမ်းသွားတာမျိုးပဲရှိခဲ့သည်။ သူကလည်း ထိုအရာတွေနှင့်သာ အသားကျနေခဲ့၏။

သို့ပေမဲ့ သူ့မျက်လုံးတွေဖွင့်လို့ ထပ်မံနိုးထလာချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားပုံ ပေါ်လေသည်။

ကုယွမ်းထင်က လှည့်ပတ်ကြည့်ကာ ထို့နောက်မှာတော့ သူနိုးထလာခဲ့သည့် တိုက်ခန်းဆီ ပြန်လှည့်လာခဲ့လိုက်သည်။ တံခါးလော့ခ်က လက်ဗွေစနစ်ဖြစ်၏။ သူက လက်မကို ဖိကာ တံခါးကို ဖွင့်လိုက်လေသည်။

သူက စာကြည့်ခန်းထဲဝင်ကာ မှတ်စုစာအုပ်ကိုဖွင့်၍ စတင်ဖတ်ရှုလိုက်၏။

ခဏကြာတော့ သူရပ်တန့်လိုက်လေသည်။

ရုတ်တရက်ဆိုသလို ဓါတ်လှေကားထဲက ကုန်စုံဆိုင်ကိုဈေးဝယ်ထွက်မည့် အန်တီကြီးပြောသည့် "ငယ်ငယ်ရွယ်ရွယ်လက်ထပ်ထားတဲ့လင်လင်အတွဲ" ဟူသောစကားလုံးတွေက သူ့ခေါင်းထဲ ဖျတ်ခနဲပေါ်လာ၏။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now