အပိုင်းရှစ်

2K 186 18
                                    

*သမီးလေးက မတွေ့တာကြာလို့လားမသိဘူး ပိုချောလာလိုက်တာ*

*အယ် တီတီမေကလည်း အဲ့လောက်လည်းမဟုတ်ပါဘူး*

*တကယ်ပြောတာ ကြာ‌ေလစိတ်မချဖြစ်လေဘဲ မဂ်လာကိစ္စကိုအမြန်စီစဉ်မှနဲ့တူတယ်*

ဧည့်ခံထဲဝယ်jeonတို့သားမိတွေရယ်Meryတို့သားမိတွေရယ်ဖောင်ဖွဲ့စကားဆိုနေကြသည်။jeonက တော့ ခပ်အေးအေးသာ လူကြီးတွေပြောသမျှကို နားထောင်‌ေနပြီး လက်သည်းတွေကို တတိတိ ကိုက်နေလေရဲ့။မဂ်လာကိစ္စ ဆိုတဲ့စကားကြားတော့မှjeonက မေမေ့ကိုမော့ကြည့်လိုက်သည်။အဓိပ္ပာယ်သိတဲ့ မေမေက ခပ်ပြုံးပြုံးသာခေါင်းငြိမ့်ပြသည်။ဒီပွဲမှာ ရုပ်သေးရုပ်တရုပ်လို သူ့ကို ကြိုးဆွဲရာ ကပြဖို့ အသင့်နေထားဆိုတဲ့ ပုံစံမျိုး ။

Meryက ရှက်ဝဲဝဲလေး ခေါင်းငုံ့ပြီး စကားဆိုနေပေမယ့် jeonကတော့ ပြန်ချင်စိတ်သာများနေသည်။မနေ့ညကတည်းက အိပ်ယာနိုးတာနဲ့ အိမ်ကို လာခဲ့ ပါဆိုလို့ မိုးမလင်းသေးဘူး jeonအိမ်ကိုသွားခဲ့သည်။

မနက်စာစားပြီးတော့ မေမေက ဦးဆောင်ပြီး သွားစရာရှိတယ်ဆိုလို့ ဖေဖေနဲ့ သူက ဘာမှမမေးဘဲလိုက်လာခဲ့ကြသည်။ဒီရောက်တော့Meryတို့အိမ်ကိုလာတာဆိုတာသိရတာဘဲ။တကယ်ဘဲ သားဖြစ်သူရဲ့ခံစားချက်တွေကို နည်းနည်းလေးတောင် တွေးပေးဖို့ စိတ်ကူးမရှိဘူးနဲ့့တူတယ်။

*ညီမလည်း ဒီကိစ္စကို ပြောချင်နေတာ အမ ရယ်။သိတဲ့ အတိုင်းဘဲ ညီမတို့လင်မယားကသိပ်မအားဘူးလေ။တခါတလေ နိုင်ငံခြားအထိ အလုပ်ကိစ္စသွားရရင် သမီးလေးက တယောက်ထဲ ဖြစ်နေတာ။ပညာလည်းစုံနေပြီ အလုပ်လည်းအတည်တကျရှိနေပြိဆိုတော့ရှေ့ရေးကို အကောင်ထည်ဖော်ကြရအောင်လား*

Mery အ‌ေမက အားတက်သရော ပြောနေလေသည်။သမီးကို တော်တော်လေး အိမ်ထောင်ချပေးနေချင်ပုံဘဲ။ဘာတခွန်းမှဝင်မ‌ေပြာဘဲ jeonလိုဘဲ ငြိမ်ပြီးနားထောင်နေတာကတော့Meryအဖေနဲ့ jeonဖေဖေက‌ေတာ့ပြုံးပြုးံလေးသာ ခေါင်းခါ ခေါင်းညိမ့်လုပ်နေကြသည်။မယား‌ေတွကို ချစ်တာလား ကြောက်တာလားဆိုတာမပြောတက်ဘူး။တခွန်းဆိူတခွန်းဘဲ။

*ဒါပေါ့ အမ က သားတို့ကျောင်းပြီးကတည်းကစီစဉ်ချင်နေတာ သားတို့က အချိန်တွေဆွဲနေတာနဲ့ဘဲ အခုဘဲကြည့်လေ အသက်တွေက လူလတ်ပိုင်းရောက်လာပြီ။ဒီအမေမှ မလှုပ်ရင် သားကကျောက်ရုပ်လိုဘဲ နေနေတော့မှာလေ*

Can take My Heart(Completed)Tempat cerita menjadi hidup. Temukan sekarang