Part-1

7K 354 26
                                    


"Lunaလေးကိုမွေးဖွားလာပါပြီ"

"ကျေးဇူးပြုပြီး ကလေးကို တတ်နိုင်သမျှဖွက်ထားပေးပါ သူသိလို့မဖြစ်ဘူး ဖွက်ထားပေးပါ!"

"ဟုတ် ဟုတ်ကဲ့"

ဂျိန်း!!⚡

"Lunaလေးမွေးဖွားလာပြီ ဂျောင်ကု"

"အဟင်း! အဆင်သင့်ပဲလား"

"ဖြစ်ပါ့မလား ဂျောင်ကု.. ကလေးကအရမ်းငယ်သေးတယ်လေ"

"လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မင်ယွန်းဂီ..ဒီကလေးက ငါ့အတွက်မွေးဖွားလာတာပဲ"

"သူကမိန်းကလေးမဟုတ်ဘူး ယောက်ျားလေး  မင်းထင်နေတဲ့ သူမ မဟုတ်ဘူး"

"ယောက်ျားလေး?? အိုးး အဆန်းအသစ်လေးပဲ"

"မင်းအတ္တအတွက်နဲ့ ဘာမှမသိ မသက်ဆိုင်တဲ့ကလေးကို အသုံးမချပါနဲ့လား..
ငါမင်းဒုက္ခအကြီးကြီးရောက်မှာကိုခံစားနေရတယ်"

"အသုံးမချနဲ့?? ဒုက္ခ?? ဟုတ်လား! ဘယ်သူကဘယ်သူ့ကိုအရင်လှလှပပနဲ့လှည့်စားပြီး အသုံးချခဲ့တာလဲ ငါ့ဘဝကြီးတစ်ခုလုံး ဘယ်သူကြောင့်စုတ်ပြတ်သတ်ခဲ့ရတာလဲ!! အခုအချိန်ကစပြီး Luna ဆိုတာ ငါ့အတွက်အသုံးချဖို့သက်သက်ပဲ သနားလာဖို့ ချစ်ခင်စုံမက်လာလို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့စည်းတစ်ခုပဲ ဒါကိုဘယ်သူမှလဲပြောင်းလဲလို့မရသလို ဘယ်သူမှလဲပြင်ဆင်ခွင့်မရှိဘူး!!"

ခွမ်း!!

Jungkookရဲ့လက်ထဲမှ သောက်လက်စ ဝီစကီခွက်လေးဟာ ကြမ်းပြင်ပေါ်သို့ တစ်စစီ ပစ်ခွဲခြင်းကိုခံလိုက်ရသည်။

မျက်ဝန်းနက်နက်တွေဟာ တဖြည်းဖြည်းအနီရောင်သို့ပြောင်းလာပြီး တင်းတင်းစေ့ပိတ်ထားသောနှုတ်ခမ်းပါးနှင့် မေးကြောများဟာလဲ အထင်းသားပင်။

Dominant Alphaတစ်ယောက်ဖြစ်တဲ့ Jeon Jungkookကိုမည်သူမျှမလွန်ဆန်နိုင်ရဲပါ။

အကိုတစ်ဖြစ်လဲ Betaတစ်ယောက်ဖြစ်တဲ့ Min Yoongiကိုယ်တိုင်တောင် ညီဖြစ်သူရဲ့စကားကိုမလွန်ဆန်ရဲ။Jeon Jungkookဘယ်လောက်အင်အားကြီးလဲဆိုတာ သူအသိဆုံးပဲမလား။အတတ်နိုင်ဆုံး Jungkookဒေါသမထွက်အောင် သူဆင်ခြင်ရမည်။

Jeon's Luna ✔Where stories live. Discover now