Chill but Sweet-1

160 16 7
                                    

Seoul National University၌ဖြစ်သည် ။
"ကျွန်တော့်နာမည် ကင်မ်ဒိုယောင်းပါ" ဒီနေ့က ကျောင်းစတက်တဲ့နေ့ဆိုတော့ အကုန်လုံးကို လိုက်နှုတ်ဆက်ဖြစ်သည် ။ဒါမယ့် ထူး"ခြား"ဒီကောင်လေးက ငြိမ်နေတာမို့ သူ့နားကခုံကိုနေရာယူပြီးမိတ်ဆက်မိသည်။

"မင်းဘေးမှာ ထိုင်လို့ရပါတယ်နော် "
"ရတယ်လေ wae ငါ့နာမည် Choi Hyunsuk" စိတ်ရှုပ်သည်။ လာထိုင်တာတင်မဟုတ် စကားပြောနေတာပါ စိတ်ရှုပ်ရသည်။

"Hyunsukလို့ ခေါ်မယ်နော် ငါ့ကိုလဲ ဒိုယောင်းလို့ခေါ်လို့ရပါတယ်"
"အင်း"

'အင်း'တစ်လုံးထဲပြောပြီး ငြိမ်သွားပြန်သည်။ဒိုယောင်းလဲ နောက်က လူတွေကိုဘဲ လိုက်မိတ်ဆက်နေလိုက်သည်။ခနအကြာ တီချယ် ရောက်လာတာနဲ့ စာကိုဘဲ အာရုံစိုက်နေလိုက်တော့သည်။

'ကလင် ကလင် ကလင်'(ဘဲလ် တီးသံ)

"မင်း မုန့်ဆိုင်သွားမှာလားဟင် ဒါမှ မဟုတ် ငါဝယ်ပေးရမလား ဘာစားမလဲဟင်" ဒို‌ယောင်းကသာ ပြောနေပေမယ့် ဘေးက လူကတော့ ငြိမ်သက်နေဆဲ။ဒိုယောင်းလဲ ဘာမှ မပြောဘဲ ထွက်လာခဲ့တော့သည်။

***
"ဒိုယောင်း မင်းဘေးက တစ်ယောက်နဲ့ အဆင်ပြေလား "

"ဘာလို့လဲဟင်" Jeongwooအမေးကြောင့် ဒိုယောင်းလဲပြန်မေးမိသည်။သူကတော့ သူငယ်ချင်းအသစ်ကလေးပေါ့။Jeongwoo,Haruto,Yedamဆိုပြီး သူငယ်ချင်းသုံးယောက်ရခဲ့တယ်လေ ။တစ်စုံတစ်ယောက်ကတော့...

"အာ သူက ဒီကျောင်းပိုင်ရှင်ရဲ့ သားလေ ဘယ်သူ့မှလဲ စကားမပြောဘူး အမြဲတမ်း တိတ်ဆိတ်နေတာဘဲ သူ့ကို အစကစကားများမပြောတတ်ဖူးလားလို့တောင်ထင်ဖူးတယ်"

"ဟုတ်တယ် ဒိုယောင်း သူနဲ့ ထိုင်တာဆို ဂရုတော့စိုက် " Jeongwooအပြောကို ရူတိုကပါ ထောက်ခံရင်း ဝင်ပြောသည်။

"အင်းပါ ဂရုစိုက်ပါ့မယ်" ဂရုစိုက်ပါ့မယ် ပြောပေမယ့် ဘာလို့မှန်းမသိ အဲ့ကောင်လေးကို စကားပြောချင် ၊နွေးထွေးချင်မိသည်။
ဒီလို့နဲ့ဘဲ တစ်နေ့တာက စာသင်လိုက် ဘေးနားက ကောင်လေးကို ကြည့်လိုက်နဲ့ ပြီးဆုံးသွားခဲ့သည်။

နောက်ရက်တွေမှာလဲ သတိထားနေမိသည်။ကျောင်းactivityတွေ ဘာတွေမှာလဲ မပါ ။စကားပြောရင်လဲ အင်း ၊အွန်းကလွဲ သိပ်မပြော ။ဒိုယောင်း ဒီနေ့တော့ မုန့်စားဆင်းချိန် မမေးတော့ဘဲ ထွက်သွားလိုက်သည်။

"ဒီလိုဘဲ လူတွေက ငြီးငွေ့လာကြတာဘဲ မင်းလဲ တူတူဘဲ"

ဟျွန်းဆော့က ဒီကျောင်းပိုင်ရှင်ရဲ့ သား ဆိုပေမယ့် အမည်ခံသက်သက်ဘဲ။ဘဝမှာ ပထမဆုံး အမေဖြစ်သူထံက စွန့်ပစ်ခံရပြီးထဲက ဘာကိုမှ အလေးအနက်မထားတော့။တစ်နေ့တော့ "မင်းအဖေပါ " ဆိုပြီး ပေါ်လာတဲ့ လူကလဲ 'သား' လို့သာ အမည်ခံ ထားတယ် တကယ် တမ်းတော့လူပိုသပ်သပ်။ဘာလို့လဲ လို့ မေးချင်ပေမယ့် ကံတရားကိုက ဒီလိုဆိုမှတော့ အလိုတော်အတိုင်းပေါ့။

"ရော့ မင်းအတွက် ဘာဂါ"

"မငြီးငွေ့ဘူးလား မင်းလာပေးတိုင်း ငါစားဖူးလို့လား အရေးမပါတာတွေ" တကယ် ငြီးငွေ့သွားပြီ ထင်တာကို ဘာလို့ဘဲ ကင်မ်ဒိုယောင်း။

"ဘာလို့အရေး မပါရမှာလဲ စားလိုက် ခနနေ ဆရာ လာတော့မယ် "ဒိုယောင်း ပြောပြီး အခန်းပြင် ပြန်ထွက်လိုက်သည်။ အဲ့ကျမှ အကောင်ပေါက်လေးက ဝေ့ဝဲကြည့်ပြီး ဘာဂါကို ယူစားသည်။ တကယ်တော့ ဒါက ဒိုယောင်းလုပ်နေကျ အလုပ်တစ်ခုဘဲ ။ဘာမှပြန်မပြောလို့ စိတ်ပေါက်ပြီး ထွက်သွားမှ စကားတွေအများကြီးပြောခံလိုက်ရသည်ㅋㅋㅋ။ကင်မ်ဒိုယောင်း နောက်ရက်လဲ ဒီလိုလုပ်မည်ဟုတွေးတောလျက်...

Dosuk One Shots~~Where stories live. Discover now