Chill but sweet-3

91 14 3
                                    

စခန်းချရာနေရာရောက်တော့ ဒိုယောင်း ထပ်ရှာနေမိသည်။တကယ်ကို မလာတော့ဘူးထင်ပါသည်။

"ဒိုယောင်းရားး ဟိုမှာဟျွန်းဆော့မလား" Jeongwoo အပြောကြောင့်ညွှန်ပြတဲ့နေရာကိုကြည့်မိသည်။တကယ်ကို သူပါဘဲ။ခဏတော့ပျော်သွားမိသည်။ ဒါမယ့် သူ့ဘေးကလူကဘယ်သူလဲ။ရယ်နေလိုက်တာ ၊ပြုံးနေလိုက်တာများ ။

"သူဘေးက ဘယ်သူလဲ မင်းသိလား Jeongwoo yaa"

"Park Jihoonလေ ငါတို့စီနီယာ"

"သြော် " ဒိုယောင်း ဟျွန်းဆော့ကိုတစ်ချက်ပြန်ကြည့်ပြီး ပြန်ထွက်လာခဲ့သည်။

ဟျွန်းတော့ Paji နဲ့ စကားပြောနေရင်း ဟိုကောင်လေးကြည့်နေတာမြင်၏Appa ကြောင့်သာ ပြောနေရပေမယ့်စိတ်မပါ။ခါတိုင်းကျ ကပ်နေပြီး ခုကျဘာလို့မလာတာလဲ။

"ဟို စီနီယာ ကျွန်တော် သူငယ်ချင်းတွေ‌ေီ သွားအုံးမယ်ဗျ"

"ဟျွန်းဆော့က သူငယ်ချင်း ရှိတာလား"

"ဟို ဟိုဒိုယောင်းပါဗျ "

"အာ သွားလေ ကိုယ်လဲ ကလေးတွေလိုက်ကြည့်အုံးမယ်" ဟျွန်းဆော့မြန်မြန်ဘဲထွက်လာခဲ့သည်။

"ဒို ဒိုယောင်း"

"အော် ဘာပြောမလို့လဲ မအားသေးဘူးရယ် ငါသွားပြီ"

ဘာလဲ ဘာသဘောလဲ ကိုယ်ကသူ့ကိုပြောမယ်ဆိုမှရှောင်ထွက်သွားသည်။

"ရတယ် မင်းမအားရင်လဲ ပြီးတာဘဲ ငါကအရေးမကြီးဘူးထင်တယ်"ဟျွန်းဆော့ထိုသို့သာပြောပြီး ထွက်လာခဲ့သည်။ကိုယ့်ကိုမလိုဘဲနဲ့များ ဘာလို့ ချစ်တယ်ပြောနေသေးလဲ။သူလဲတူတူဘဲဆိုတာသိရဲ့သားနဲ့ဘာလို့ နှလုံးထဲက အကောင်က ခုန်လှုပ်နေရတာလဲ ။ ဘာလို့သံယောဇဥ်တွေတွယ်မိတာလဲ။ အရင်လိုဘဲ နေသင့်တာကို။အဖြေပေးဖို့ထိဦးနှောက်ကဘယ်လိုစဥ်းစားလိုက်တာလဲ။ချွဲဟျွန်းဆော့ကတော့ ရူးနေပြီ။

ပြွတ်စ်

ရုတ်တရက်ဆန်စွာဘဲ ဟျွန်းဆော့လက်ကိုဆွဲလို့ နှုတ်ခမ်းကို ဖိကပ်ခံရပြန်သည်။အရင်တစ်ခေါက်နဲ့ မတူ နှုတ်ခမ်းကိုစားတော့မယ့်အတိုင်းနမ်းနေတာကြောင့်အားတဲ့လက်နဲ့တွန်းထုတ်ရသည်။

Dosuk One Shots~~Tempat cerita menjadi hidup. Temukan sekarang