Final

580 63 5
                                    

ဆေးရုံအနံ့ဟာ မုန်းစရာကောင်းလွန်းလို့ ရူးလောက်တယ် ။ အဲ့ဒီဆေးရုံရဲ့ ခွဲစိတ်ခန်းရှေ့ကို ဂျီဆောင်းနဲ့ ဒုံးဟျော့ခ်က အပြေးရောက်သွားချိန်မှာ ဂျယ်မင်းက ပုံလျက်သားလေး ထိုင်ကျလို့ ။

" ဂျယ်မင်း !! နာဂျယ်မင်း "

ဒုံးဟျော့ခ်က ဂျယ်မင်းကို အတင်းခေါ်တယ် ။
သတိမရှိသလို ဖြစ်နေတဲ့ သူ့သူငယ်ချင်းက ဘယ်လောက်တောင် ကြောက်ရွံ့နေခဲ့လိုက်မလဲ ။

" ဒုံးဟျော့ခ် .. ဒုံးဟျော့ခ် .. ဂျီဆောင်း "

ဂျယ်မင်းက ငိုတယ် ။ မှီခိုလိုက်စရာ အခုမှ ရသွားတဲ့သူလို ၊ အရူးလိုမျိုး ဂျယ်မင်းက ငိုနေတယ် ။

ဘယ်ဘုရားက ကယ်မလဲ သူတို့ကို ။
အရာအားလုံးက ကျေးဇူးပြုပြီး မျက်ကွယ်ပြုမထားကြပါစေနဲ့ ။
လူတွေ လှုပ်ရှားနေတာကိုလည်းမသိတော့သလို ဂျယ်မင်းက ၀မ်းပမ်းတနည်း ငိုချနေတော့ ဒုံးဟျော့ခ်က ဘာဆက်လုပ်ရမှန်းမသိ .. လိုက်ငိုတယ် ။

" ဂျစ်ကီရော .. ဂျစ်ကီ "

မနက်က ဂျီဆောင်းကို သူတို့နှစ်ယောက်ရော ဂျစ်ကီပါ ပျော်ပွဲစားထွက်‌နေတဲ့အကြောင်း ဖုန်းဆက်ပြောခဲ့သေးတာ ။
ဂျီဆောင်းရဲ့ အမေးမှာ ဂျယ်မင်းက ပိုငိုတယ် ။
ဗလုံးဗထွေးစကားတွေကြား ဂျီဆောင်းနဲ့ ဒုံးဟျော့ခ်က ကြက်သေ‌သေလို့ ။

တစ်လောကလုံးက ရပ်တန့်သွားသလို ၊ အချိန်တွေက ဆက်မရွေ့တော့သလို ။ ကြားလိုက်ရတာက ဘာအရူးစကားတွေလဲလို့ သူတို့နှစ်ယောက်ကပါ ယိုင်လဲကျတော့မတတ် ။

" ပြန်ခါနီးမှာ ပန်းခြံထဲက ထွက်ပြီး .. ထွက်ပြီးတော့ မုန့်၀ယ်ကြမလို့ လမ်းကူးတာ .. မုန့်တွေလည်း .. မုန့်တွေရော ငါတို့လက်ထဲမှာ ။ ဂျစ်ကီက .. ဂျစ်ကီက လမ်းကို ဖြတ်ပြေးလို့ သူက လိုက် .. ဖြတ်ပြေးတဲ့ဆီ ကားက လာနေတာ .. အဲ့ဒီ .. အဲ့ဒီကုန်တင်ကားက .. "

ဂျယ်မင်းက အသံတွေလည်း ဆက်မထွက်နိုင်တော့ဘူး ။
တအိအိရှိုက်ငိုနေရင်းက ရူးသွားတော့မလို ။
ထုတ်မပြောနိုင်လောက်အောင် မြင်ခဲ့ရတဲ့ မြင်ကွင်းက သူ့ဦးနှောက်ထဲမှာ သံမှိုစွဲပြီးရိုက်ထည့်ထားသလို ဖြစ်နေတော့မှာ ။ သွေးအိုင်ကြားထဲက .. သွေးတွေကြားထဲမှာ .. သူ့ရဲ့ .. သူ့ရဲ့ ပိုင်ဆိုင်မှုလို့ ဆိုစရာတွေ ။

𝙂𝙡𝙞𝙢𝙥𝙨𝙚 𝙊𝙛 𝙐𝙨 // 𝙉𝙤𝙈𝙞𝙣Where stories live. Discover now