ရှင်းတမ်း + ကျေးဇူးတင်လွှာ

435 44 0
                                    

နည်းနည်းလေး ရှင်းပြရမယ်ဆိုရင် Jeremy Noah Lewis  (JNL)က Je No Lee (JNL)ကိုပဲ ပေးထားတာပါ ။
အဲ့ဒီနာမည်ရဖို့ အတော်ခေါင်းခြောက်လိုက်ရပါတယ် ။

‌လောကကြီးမှာ ကိုယ်နဲ့ ရုပ်တူတဲ့လူက ခြောက်ယောက်ကနေ ကိုးယောက်အထိ ရှိနိုင်တယ်ဆိုတာကို ဖတ်လိုက်ရပြီး နောက်တစ်နေ့မနက် နိုးနိုးချင်း ပလော့တွေရတော့တာပါပဲ ။
Glimpse Of Usကို ဒီရက်ပိုင်း တအားကြီးနားထောင်ဖြစ်နေတာလည်း ပါတာပေါ့လေ ။

ဂျဲနိုက ပြန်မလာမဲ့ လမ်းကို ထွက်သွားပြီး ၊ ဂျယ်မင်းက Jeremyနဲ့ အတူတူ တစ်သက်လုံးရှိသွားတော့မှာပါ ။
Jeremyက
Jeremyကို ဂျဲနိုလို့ တွေးထင်နေတာမျိုး သူ့ဘာသာ မလုပ်ဖြစ်အောင် Jeremyကို Jeremyလို့ တွေးရင်းပဲ ချစ်သွားတော့မှာပါ ။

နည်းနည်းလေး ယုတ္တိမရှိနိုင်ကောင်း မရှိနိုင်ပေမဲ့ ဇာတ်လမ်းကလေးကတော့ ပြီးသွားပါပြီ ။
အားမရတာရော ၊ သဘောမကျနိုင်တာရော ဖြစ်နိုင်ပါတယ် ။
ဒါပေမဲ့ စိတ်မပူပါနဲ့ ။ နည်းနည်းလောက် ပြန်ချိုဖို့ နောက်ထပ် ficတွေ တွေးမိထားတာတော့ ရှိပါတယ် ။
( နည်းနည်းလေးပါပဲ 😿 )

ကဲ .. ထပ်ပြီး နောက်တစ်ပုဒ်ကနေ ဘိုင့်ဘိုင်ပါ ။
ကျေးဇူးတင်ပါတယ် ❤️

P.S - မေးချင်တာ ရှိရင် မေးလို့ရပါတယ် ။

𝙂𝙡𝙞𝙢𝙥𝙨𝙚 𝙊𝙛 𝙐𝙨 // 𝙉𝙤𝙈𝙞𝙣Where stories live. Discover now