အပိုင်း၃

104 15 22
                                    

.

{နှလုံးသား နှင့် သံယောဇဉ်အချစ်ကြိုး}7

"အ့...မူးလိုက်တာ။ "(soobin)

"ဟင်!! ဘာဖြစ်လို့လဲ soobin na!!"(huening kai)

"ခေါင်းကိုက်တယ်။ အဟင့်....ကယ်ပါဦး။"(soobin)

"Soobin na!!
Ya!!!!~~~ Choi Soobin!!!!! သတိထားစမ်းပါဦး။"(beomgyu)

Soobin p.o.v:

-beomgyu တို့နဲ့ထွက်မယ်အလုပ် ဖိနပ်စီးပြီး အပြင်သို့ဦးတည်လိုက်ချိန် ရုတ်တရက်ကိုက်လာတဲ့ခေါင်း။ မျက်လုံးကလည်းဝါးလာပြီး နားထဲမှာလည်းဘာမှမကြားရတော့။ hueningရဲ့ ရရဲ့လားလို့မေးသည်ကိုတော့ကြားလိုက်သည်။ ဒါပေမဲ့ပြန်မဖြေနိုင်။ ခေါင်းကကိုက်လာတာမှအရမ်းဘဲ။ နောက်တော့ဘယ်ကမှန်းမသိတဲ့ လူနှစ်ယောက်ရဲ့ပုံရိပ်တွေ။ တစ်ယောက်က ကျွန်တော်နဲ့တော်တော်တူသည်။ ဒါပေမဲ့ ကျွန်တော်မဟုတ်။ နောက်တစ်ယောက်က ခေါ်တဲ့နာမည်က young binတဲ့လေ။ ကျွန်တော်က Soobinမလား။ ထိုနှစ်ယောက်ကတော်တော်ချစ်ကြတယ်ထင်သည်။ ဘယ်ကမှန်းမသိပေမဲ့ ရုတ်တရက် ပျော်ရွှင်နေတဲ့ သူတို့ဘဝကြီးကိုခွဲခွာရသည့်ပုံစံမျိုးနှင့် စစ်ပွဲတစ်ခု။ ကျွန်တော်နှင့်တူသည့်ကောင်လေးကို မိုးကြိုးအားတစ်ခုထိမှန်သွားခဲ့သည်။ ထိုသို့ဖြစ်ပြီးသည်နှင့် ကျွန်တော့်ရဲ့ကမ္ဘာပါ မှောင်မဲသွားသည်။

P.O.V end~~

-soobinခေါင်းကိုက်တယ်လို့ပြောပြီး လှေကားရင်းဖိနပ်ချွတ်မှာ ပစ်လဲပြီး သတိလစ်သွားတော့ ကျွန်တော်တို့ကဘဲ သူ့ကို ဆေးခန်းသွားရာတွင် ကုန်းပိုးပြီးခေါ်သွားလိုက်ရသည်။~~
.
.
.
-soobinထိုသို့ဖြစ်နေချိန် တဖက်မှာလည်း yeonjunတစ်ယောက်ကလည်း လူးလှိမ့်နေအောင်ခံစားရသည်။ -

Yeonjun pov:

-ထိုင်နေလက်စခုံလေးမှာဘဲ သစ်သီးလေးစားရင်း ခုနကတွေ့ခဲ့တဲ့ ကောင်လေးအကြောင်းတွေးနေမိသည်။ တကယ်တူသည်။ သူ၏သူငယ်ချင်း သေမင်းတဖြစ်လဲ သူတို့၏ခေါင်းဆောင်မြင်လျှင်လည်း young binလို့ဘဲထင်လိမ့်မည်။ အတွေးများနှင့် ပြုံးနေတုန်း ရုတ်တရက် ရင်ဘတ်ကအောင့်လာသည်။ ပုံမှန်စွမ်းအင်မထိန်းချုပ်နိုင်ချိန်မှာဖြစ်တဲ့ ပုံစံမျိုးမဟုတ်။ ရင်ဘတ်ထဲက စူးနင့်ပြီးအောင့်လာသည်။ ဘယ်လိုမှလက်ခံပြီးနေလို့မရအောင် နာလွန်းလှသည်။ ရင်ဘတ်ပေါ်က ရထားတဲ့ဒဏ်ရာကိုကြည့်တော့လည်း သွေးစလေးများ ထွက်နေပြီ။ ဘာကြောင့်မှန်းမသိ ထိုကောင်ငယ်လေးကိုသတိရမိသည်။ နှလုံးထဲကလည်း စူးစူးပြီးကိုက်လာသည်။ မျဖစ္ဘူး...သူဒီတိုင်းဆက်နေရင် ကောင်ငယ်လေးပါ ထိခိုက်မည်စိုးသည်။ စိတ်ပူရင်းဆဲဆဲ ဂူအပြင်သို့ယိုင်တိယိုင်တိုင်ဖြင့်ထွက်သွားသည်။ အားနည်းလာပြီမလို့ ပုံမှန်လူပုံရုပ်သဏ္ဍာန်ကိုသာပြောင်းလဲနေပြီဖြစ်သည်။ ကြိုးစား၍လမ်းလျှောက်သေးသည်။ ဒါပေမဲ့ ဆက်မခံနိုင်တော့ဘဲ ဂူရှေ့တွင်သာ လဲလျောင်းမေ့မြောခဲ့ရတော့သည်။~~
.
.
.
{အယောင်ဆောင်ထားသောသူ} -8

The Village (Hiatus) Where stories live. Discover now