အပိုင်း၄

96 11 22
                                    

.Yeonjun POV:

-ဒီနေ့က လပြည့်နေမလို့ yeonjunတစ်ယောက် စာအုပ်ထဲမှာမပါတဲ့ ဝိညာဥ်ကို ဖမ်းဆီးဖို့ထွက်လာခဲ့လေသည်။ တော်တော်များစွမ်းလေသလား သူကြည့်ဖို့ရောက်လာသည်။ တစ်ခါတည်းပါ ဖမ်းချင်ဖမ်းရမည်။ သူကဒီလိုနေရာမျိုးမှာအကျွမ်းဆုံးသူဘဲလေ။
ဒီလိုနှင့် သူရဲ့သားကောင်ကိုအမိဖမ်းဖို့ yeonjunတစ်ယောက် ကျော့ကွင်းပြင်ဆင်ရလေတော့သည်။ ထိုအချိန်တောထဲကိုဝင်လာတဲ့သူ။ အသက်ကလည်း နေသင့်တဲ့အချိန်ကုန်လွန်နေပြီးသားလူမှန်းသိနေတာမလို့ ငါးစာအနေနဲ့ ပြင်ရတော့သည်။ ထိုလူကတော့ အခြားမဟုတ်။ သူနဲ့ရေစက်ပါလွန်းနိုင်တဲ့ Leeမျိုးနွယ်။ ဟိုနေ့ကတည်းက မကောင်းတဲ့ဘုံဌာနကိုသွားရမှာကို ဟိုသူတော်ကောင်း ဆရာဝန်ကကယ်လိုက်လို့ တစ်ရက်အသက်ပြန်ရှင်လာရပြန်တယ်။ အခုလိုထပ်တွေ့တော့လည်း အေးအေးချမ်းချမ်းမသေရဘဲနဲ့ အခုလိုမျိုး hunterလက်ထဲနဲ့ soulတွေလက်ထဲမှာသေရဦးမည်။ ဒီလူ့ဝိညာဥ်က သေရင်တော်တော်ဒုက္ခခံစားရဦးမှာပါလား။.....ဒီလိုသာတွေးရင်း သားကောင်လိုက်ရန်အသွင်ကိုအသင့်ပြင်ထားလေပြီ။

-ပေါ့ပါးသွက်လက်တဲ့ခန္ဓာကိုယ်၊ ဆံပင်နီညိုရောင်နှင့် ၊ အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီရှည်။ ထိုအပေါ်မှ လက်တံတောင်ဆစ်ဖုံးအရှည်နဲ့ long-coat။
၎င်းကဲ့သို့ကြည့်ကောင်းတဲ့မျက်နှာအချိုးအဆစ်အသွင်အပြင်မှ မြေခွေးသဏ္ဍာန်နှင့် ကျားတစ်ကောင်၏ လျင်မြန်ဖျတ်လတ်မှုမျိုး၊ ဇာမဏီငှက်အမြှီးနှင့် သိမ်းငှက်တစ်ကောင်လိုမျိုး စူးရှတဲ့အမြင်၊ ချွန်ထက်လှတဲ့လက်သည်းရှည်တွေနဲ့ ဝက်ဝံတစ်ကောင်လိုတိုက်ခိုက်နိုင်တဲ့စွမ်းရည် ၊ နီညိုရောင်အသွင်နှင့်ထို soul hunterသတ္တဝါတစ်ကောင်အသွင်သို့ပြောင်းလဲလာခဲ့သည်။ ၎င်းသတ္တဝါရဲ့အနီးဆုံးမှာတော့ အမဲလိုက်ရန်ထောင်ထားသောကျော့ကွင်း။ ထိုကျော့ကွင်းရဲ့တဖက်မှာက သားကောင်လိုက်ရန် မကောင်းတဲ့သွေးရှိနေတဲ့လူရဲ့ ခန္ဓာကိုယ်။ မြင်လိုက်ရရုံနဲ့ တွန့်ချိုးသွားတဲ့နှုတ်ခမ်းတစ်စုံ။

--အလျင်အမြန်ဘဲ ထိုငါးစာလေးရဲ့ အနားကိုသွားပြီး သတိလစ်ရုံသာလုပ်ခဲ့မလို့ဆိုပေမဲ့ ထိုသားကောင်ကိုမြင်လိုက်ရတဲ့အခါ သူ့ရဲ့အတွင်းစိတ်ကိုသိလိုက်ရတဲ့ yeonjunတစ်ယောက်က သတိလစ်ရုံမျှလုပ်နိုင်ပါဦးမလား။--

The Village (Hiatus) Unde poveștirile trăiesc. Descoperă acum