Part 3(U+Z)

2.7K 309 13
                                    

~Unicode~

ရှောင်းကျန့် သူ့ရဲ့မာမားဆိုသူနဲ့အတူအိမ်ကိုပြန်လိုက်လာခဲ့လိုက်သည်။သူနေတဲ့အိမ်ကိုသူမှမသိပဲ...

ရှောင်းကျန့်ရောက်သွားတဲ့အိမ်ကတော့မူလရှောင်းအိမ်တော်ပုံစံမျိုးမဟုတ်ပါပဲ အဆင်ပြေတယ်ဆိုရုံလောက်သာပြောနိုင်တဲ့အိမ်လေးတစ်လုံးသာဖြစ်သည်။

"သားးး"

အိမ်ထဲကိုရောက်သည်နှင့်မာမားဆိုသူကသူ့လက်ကိုလာဆုပ်ကိုင်သည်။

"မားးသားလေးက အရာရာသည်းခံရမယ်နော်...နောက်ဆိုဒီလိုတွေမဖြစ်စေနဲ့...ဟုတ်ပြီလားး"

ကိုယ်မှန်တယ်ထင်ရင်ဇွတ်လုပ်တတ်တဲ့ရှောင်းကျန့်က စိတ်ချမ်းသာရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့သာခေါင်းကိုခပ်မြန်မြန်ညိတ်ပြလိုက်သည်။

"အင်းး မားရဲ့သားလေးကလိမ္မာလိုက်တာ...."

ရှောင်းကျန့်တစ်ချက်ပြုံးပြလိုက်ကာအိမ်ထဲကပစ္စည်းတစ်ချို့ကိုအကဲခတ်ကြည့်လိုက်သည်။ခေတ်မှီပစ္စည်းဆိုလို့သိပ်မရှိ...သူလက်ရှိကိုင်ထားတဲ့ဖုန်းစုတ်လေးရယ်...အိမ်ထဲက တဂျစ်ဂျစ်နဲ့အစင်းကြောင်းတွေပေါ်နေတဲ့TVလေးရယ်သာရှိသည်။

"သား ဒီနေ့ အချိန်ပိုင်းအလုပ်မသွားပါနဲ့တော့လားး တစ်ရက်လောက်နားလိုက်ပါဦးကွယ်"

"အချိန်ပိုင်းအလုပ်!"

"....."

"သားးရဲ့ အချိန်ပိုင်းအလုပ်က ဘယ်မှာလဲဟင်"

တစ်ဖက်လူကို အူကြောင်ကြောင်နိုင်သွားစေမယ့်အမေးဆိုပေမယ့် ရှောင်းကျန့်အတွက်ကတော့ မဖြစ်မနေမေးရမယ့်မေးခွန်းတစ်ခုပဲဖြစ်သည်။

"သားကတော့ထူးထူးဆန်းဆန်းလာနောက်နေပြန်ပြီကွယ်....ဒီလမ်းထိပ်ကကော်ဖီဆိုင်လေးကိုတောင်မမှတ်မိတော့ဘူးလားး"

ရယ်မောပြီးပြန်ပြောလာတဲ့မာမားရဲ့စကားကြောင့် အချိန်ပိုင်းအလုပ်ကလမ်းထိပ်က ကော်ဖီဆိုင်တစ်ခုမှာဆိုတာကိုသိလိုက်ရသည်။

"မားးးဒါဆိုသားးအလုပ်သွားလိုက်တော့မယ်နော်"

"အယ်...ဒီနေ့တစ်ရက်လောက်နားလိုက်ပါဆိုတာကိုကွယ်...ပုံမှန်အတိုင်းဆို ပြသနာတစ်ခုခုဖြစ်ပြီးတိုင်း သားး အမြဲဝမ်းနည်းနေတတ်တာမဟုတ်လားး"

Animeချစ်သူ [Completed]Where stories live. Discover now