Part 22(U+Z)

2.1K 268 2
                                    

~Unicode~

'Ring...Ring...Ring'

"ရားးး ဒာိပ်ကောင်းနေပါတယ်ဆို ဘယ်ကဖုန်းကလာရတာတုန်းး"

ရှောင်းကျန့်တစ်ယောက်အိပ်ချင်းမူးတူးနှင့်သာမျက်လုံးမှိတ်ထားလျက်အသံလာရာဘက်ကိုစမ်းကာဖုန်းကိုင်လိုက်သည်။

~ဝါးးး ဘယ်သူပါလဲ~

~နင့်အမေကြီးတော် ယွိအာမဟဲ့!!!ရှောင်းကျန့်နင်ကျောင်းမလာသေးဘူးလား~

~......~

~ငါ့ဇာတ်ကားခွေလေးပြန်ယူလာခဲ့ဦးနော်~

ဖုန်းထဲကကြားလိုက်ရတဲ့စကားကြောင့်ရှောင်းကျန့်ရဲ့အိပ်ချင်စိတ်တွေပျောက်ကာမျက်လုံးတွေပြူးကျယ်သွားရသည်။

~ဒါပဲဟေ့...ဖုန်းချလိုက်ပြီ...ကျောင်းတက်တော့မယ်မြန်မြန်လာတော့နော်~

တစ်ဖက်က ယွိအာရဲ့စကားသံတွေကိုရှောင်းကျန့်ကဂရုမစိုက်နိုင် လက်ရှိအခြေအနေကိုသာ မနဲလိုက်ယူနေရသည်။

ရှောင်းကျန့်ရဲ့ရှေ့တည့်တည့်ကTVကတော့ဖွင့်လျက်သာ The End ဆိုပြီးစာတန်းထိုးနေလျက်ရှိသည်။

"ဘာတွေလည်းး ငါအိမ်မက်မက်နေခဲ့တာလားး မဟုတ်ဘူးးး မဟုတ်ဘူးးး ရားးးးးး"

ဇာတ်ကားကိုအစကနေပြန်ရစ်ကြည့်မိတော့ ဇာတ်ကြောင်းတွေကသူဝင်သွားတုန်းကအတိုင်းပြောင်းနေသည်ကိုတွေ့ရသည်။

"တကယ်ကြီးanimeထဲရောက်သွားခဲ့တာပဲ....ဒါပေမယ့်ဘာလို့လဲ"

ရှောင်းကျန့်တစ်ယောက်ခေါင်းငိုက်စိုက်ကျနေမိတော့သည်။

"ခုမှ ဝမ်ရိပေါ်နဲ့ချစ်သူဖြစ်တာလေ...first kissတောင်မပေးရသေးဘူးလေ!!! အူးးဝါးးးး"

ရှောင်းကျန့်က ရူးမိုက်မိုက်အလုပ်တစ်ခုကိုထပ်လုပ်ဖို့တွေ့လိုက်သည်။

"ပြန်ဝင်ကြည့်ရမယ်....ဟုတ်တယ်...ပြန်ဝင်ရမယ်"

မနေ့ညကအခြေအနေအတိုင်းရှောင်းကျန့်ကဇာတ်ကားကိုဖွင့်ကာTVထဲသို့တိုးဝင်ဖို့ကြိုးစားသည်။

'ခွမ်းးးး'

TVသာကွဲသွားပြီးဇာတ်ကားထဲသို့ပြန်မဝင်နိုင်ပေ။ရှောင်းကျန့်ရဲ့ခေါင်းမှာလည်းဘုသီး သီးသွားတော့သည်။

Animeချစ်သူ [Completed]Donde viven las historias. Descúbrelo ahora