(Part 1)Namjin(uni + zawgi)

492 22 0
                                    

(Zawgyi)
⚠Wedding ⚠

'' Kim Soek Jin....မထသေးဘူးလား....ပြော....''

''ထပီအမေရေ...ထပီ...''

''အေးပီးရောနော်... ငါနောက်တစ်ခါထက်လာမခေါ်ချင်ဘူး...နင်ဆင်းမလာလို့ကတော့ မနက်စာငတ်ပီမှတ် ချန်မထားဘူး...ကြားလား...''

''ကြားတယ်..
ကြားတယ်....''

ထိုသို့ပြောပီး ကုတင်ပေါ်က စောင်ပုံထဲတိုးဝင်ကာပြန်အိပ်နေလိုက်တယ်...
ပြန်အိပ်မလို့ စင်းစားတုန်းရှိသေးတယ်....

တူ....တူ....

'ငါလူးမဖုန်း စောစောစီးစီး ဘယ်ကောင်ခေါ်ပြန်ပီလဲမသိဘူး'

လူက အိပ်ချင်နေတော့ မျက်လုံးကို မဖွင့်ပဲ ဟိုစမ်းဒီစမ်းနဲ့ ဖုန်းကိုရှာလိုက်ပီး ကိုင်ကာ နားနားကိုကပ်လိုက်တယ်....

''Hello....ဘယ်သူ....''

ပြောမလို့ရှိသေး တစ်ဖက်ကပြောတဲ့အသံကြောင့် contacts လေးကို ကြည့်လိုက်တော့ မှတ်ထားသည်က

💙Joon💙 တဲ့လေ...

📞''ကိုကို....''

''ဟမ်.joon လား ကိုကိုမသိလို့ ...contact ကိုသေချာမကြည့်မိလိုက်လို့...''

''ရပါတယ်ဗျာ...အခုကိုကို နိုးပီလား...''

''ဟု...''

''ဒါဆိုရေမိုးချိုးပီး ထွက်လာခဲ့ ကျနော် ကိုကို့ အိမ်ရှေ့ကိုရောက်နေပီ...''

''ဟမ်...ဟုသား...''
သူလှမ်းကြည့်လိုက်တော့ မိုးပြာရောင် ပြိုင်ကားလေးကို မှီပီးသူနှင့် ဖုန်းပြောနေသော joon...သူအခန်းကိုကြည့်နေသည်မို့ လက်လှမ်းပြလိုက်သည်.....။

''ဒါဆိုခဏစောင့်နော်...မြန်မြန်လုပ်ပီး လာခဲ့မယ်....''

''ဟုပါပီဗျာ... ''

''ဒါပဲနော်... အာဘွား... ''

''ဟဟ...အာဘွားပါဗျာ...''📞

ဖုန်းလေးကျသွားသည်နှင့် Kim Soek Jin တို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံး စီးရလေပီ...

သူ့ရဲ့ခဏဆိုတာလေးကို ယုံကြည်ပြီး စောင့်နေသူကကတော့
Kim Namjoon ပင်...

''အော်...ကိုကိုရယ်...ပြောတာခဏတဲ့ နာရီဝက်ကျော်ပီ...အခုထိ ခြံရှေ့မရောက်သေးဘူး....''

Yoonmin Taekook Namjin... Dark world Where stories live. Discover now