Zawgyi
"ဦးဂျင်..."
"ဂျွန်းနီး...ဘယ်လိုလုပ်ရောက်လာတာလဲကောင်ပေါက်လေး"
"ဟီး...လွမ်းလို့လေ..."
"ဒီကောင်လေးကတော့ကွာ...စကားတတ်တိုင်းခြွေနေပြန်ပါပီ"
"ဦးဂျင်ကအလုပ်လုပ်နေတာလား..."
"ဟုတျပါ့ဗျာ...အလုပ်တွေများနေတာ..."
"ဒါဆိုလုပ်လေ..ဂျွန်းထိုင်စောင့်နေပါ့မယ်..."
"မလိုပါဘူးကွာ...ဒီအလုပ်တွေက ဂျွန်းနီးလောက်အရေးကြီးပါ့မလား..."
"ဟီး..ဦးဂျင်ကချစ်ဖို့ကောင်းလိုက်တာ..."
ကိုယ်အလုပ်လုပ်ချိန်ရောက်လာတဲ့ ကလေးကို မပျင်းရလေအောင် ဆိုဖာပေါ့မှာစကားသွားပြောရပြန်၏...။
ပြုံးလိုက်လျှင် ပေါ်လာတတ်သည့် ပါးချိုင့်နက်နက်လေးနှစ်ခုက ကင်မ်ဆော့ဂျင်၏ အသက်သွေးကြောတည်ရှိရာနေရာပင်။
ပါးမို့မို့ထက်အနမ်းခြွေမိလေတော့ ပါးချိုင့်များကိုနှစ်ဝင်အောင်ထက်ပြုံးပြလာသည့်ဒီကလေးက သူ့ကိုရူးသွပ်စေဖို့မွေးဖွားလာလေသလား...။
"ဦးဂျင်..."
"ဗျား..."
"ဒီနေ့ဘာနေ့လဲ..."
"အယ်...ဗုဒ္ဓဟူးများလား...."
"မဟုတ်ဘူး..."
"ကြာသပတေးပဲနေမယ်...ကိုယ် အလုပ်များနေတာနဲ့ ဒိတ်တောင်မကြည့်ဖြစ်ဘူး..."
"စနင်းဂနွေတဲ့...ဟွန့်"
"ဟမ်...စနင်းဂနွေ...?"
"ဗြဲ...ဦးဂျင်မကောင်းဘူး..."
"ဟောဗျ....ဘာထဖြစ်တာတုန်းဂျွန်းနီးရယ်..."
ရက်စွဲငြင်းနေရင်းကနေ ထပြီးငိုပြစ်ပါသောကလေးကရှိုက်သံ များပင်ထွက်လို့...။
"ဟင့်...ဦးဂျင်က ဂျွန်းကိုချစ်ဖူး...
ဦးဂျင်ကဂျွန်းကိုတန်ဖိုးထားဖူး...ဗြဲ...""ဂျွန်းနီးရယ်...အဲ့သလိုမပြောပါနဲ့...ကိုယ်ဂျွန်းနီးကိုချစ်ပါတယ်...ကိုယ်ဂျွန်းနီးကိုတန်ဖိုးလဲထားပါတယ်...ကိုယ်တန်ဖိုးထားလို့ပဲ...စေ့စပ်ထားကြောင်းလမ်းထားတာမဟုတ်ပေဘူးလား...ကဲ...ဒီနေ့ကဘာနေ့များမို့လို့လဲ..."
YOU ARE READING
Yoonmin Taekook Namjin... Dark world