အပိုင်း(၁၂)

32.4K 385 1
                                    

အပိုင်း(၁၂)ကျောင်းဆရာဝန်၏ဆေးထိုးပြွန်
   
လေပြည်လေညှင်းလေးတွေ တသုန်သုန်တိုက်ခတ်နေလေသည်။
ပူပြင်းလှသော နေမင်းကြီးအောက်မှာ များပြားလှသော အတန်းကိုယ်စီက
ကာယအားကစားကို အတူတကွ စုပေါင်းလုပ်ဆောင်နေကြသည်။ခဲ့လင်က အနောက်မှာ ရပ်နေပြီး သူ၏မျက်နှာမှာလည်းဖြူဖျော့နေပြီးခြေသလုံးကြွက်သားတွေကမူ တုန်ခါနေလျက်သူ၏နဖူးမှာလဲ ချွေးတွေနဲ့ စိုရွှဲနေသည်။

    "နောက်ထပ် အခါ ၃၀ထပ်ဒိုက်ထိုးကြစမ်း!"
ကျောင်းသားတွေရဲ့ညီးတွားသံကိုလျစ်လျူရှုလျက် ခန့်ချောချောကာယဆရာက ခပ်တည်တည်ဖြင့်

    "စလုပ်တော့!"

    ခဲ့လင်အံကြိတ်လျက်ပင် အဆင်မပြေမှုကိုတင်းခံလျက် စလုပ်လိုက်သည်။သို့ပေမဲ့ သူ ကြမ်းပြင်ပေါ်လဲကျသွားသည်။ ကာယဆရာက ခဲ့လင်တခုခုဖြစ်နေမှန်းသတိထားမိသွားပြီး သူ့ရဲ့ခန့်ညားလှသောမျက်ခုံးကြီးကိုကြုတ်လျက်

"တ‌စ်ယောက်ယောက်ဒီကိုလာပြီး ဒီအတန်းဖော်ကို ကျောင်းဆေးခန်းကို သွားပို့ပေးလိုက်"ဟုပြောလိုက်သည်။

    ကာယဆရာကတော့ ဒီက‌လေးရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အလွန်ဆိုးဝါးလွန်းတယ်။နောက်ရက်တွေမှာ သူ့ကိုပို train ပေးအုံးမှပဲဟုဆုံးဖြတ်‌လိုက်သည်။
    အကယ်၍ခဲ့လင်သာ ဆရာ၏အတွေးကိုကြားခဲ့ရင် သူ ကျိန်းသေပေါက်ပြန်ချေပ မိမှာပဲ။ ဒီနေ့ကာယအတန်းရှိမှန်း သူမေ့သွားပြီး  သူ့ကျောင်းဆောင်က မထွက်လာခင် လောဘကြီးစွာ ကြက်ဥတုန်ခါစက်လေးကို အပေါက်ထဲထည့်ခဲ့မိတာကို!!..

    ဒီနေ့ကာယအတန်းရှိမှန်း သူဘယ်လိုသိမှာလဲ?၊ မီတာ၈၀၀ကြီးတောင်ပြေးရတဲ့အပြင် ဘားခိုခြေမြှင့် လုပ်ပြီး ဒိုက်ထိုးရသေးတယ်။အခုချိန်ထိ ထိန်းထားနိုင်သေးတာကိုက မဆိုးဘူးဟု ပြောရမယ်..

    ကျောင်းသား၂ယောက်က ခဲ့လင်ပုခုံးတွေကို တစ်ယောက်တစ်ဖက်စီထမ်းလျက် ကျောင်းဆေးခန်းဆီလျှောက်သွားသည်။ ခဲ့လင်ကို ကျောင်းဆေးခန်းထဲမှာ ချပေးခဲ့ပြီး နှစ်ယောက်စလုံးအတန်းစီပြန်သွားခဲ့သည်။

ဒွိလင်ဘေဘီလေးနှင့်သူ၏ဘော်ဒါများ(Mm Trans:)Where stories live. Discover now