Ep 14 Uni

14.6K 713 23
                                    

ကျွန်​တော်က အိမ်​ထောင်သည်မှန်း အခင်ဆုံးသူငယ်ချင်းဖြစ်သည့် သားငယ်သာ သိသည် ခုရက်ပိုင်း ခင်မင်သူ ထပ်တိုး ၂​ယောက်က​တော့ မသိ​သေး ခင်မင်မှုက အစမို့ သူ့အ​ကြောင်းစီကာပတ်ကုံး ​ပြောမထားချင်သည်ကလည်း တစ်​ကြောင်းပါ​ပေမည် သားငယ်က​တော့မတူ သူငယ်ငယ်​လေးကတည်းက ခင်မင်တာမို့ တစ်​ယောက်အိမ်အ​ကြောင်း​တောင် တစ်​ယောက်သိသည်အထိ

သူက ​တွေ​ဝေ​ဝေ​လေးဖြစ်​နေတာက တစ်​​ကြောင်း ကားတံခါးဖွင့်ဖို့ တန့်​နေတာက သိသိသာသာမို့

"ကျစ်!! မင်းက လူပျို​လေးလို ​ကျောင်းမှာဟန်​​ရေးပြ​နေလို့ ဒီ​လောက်တွန့်​နေရတာလား"

ကိုကိုက ကျွန်​တော့်ရဲ့ရပ်တန့်​နေမှုကို အကဲခတ်ရင်းအပြစ်ဆိုသည်

"ငါ့ကိုရုတ်ရုတ်လာမလုပ်နဲ့​နော် မ​နေ့က ဘာ​ကြောင့်​ ​ကျောင်းမလာဖြစ်တာပါ မင်းသူငယ်ချင်း​တွေအ​သေးစိတ်သိသွားမယ် ဘာမှတ်​နေလဲ"

ကိုကိုက ​ဒေါသကကြီးကြီး​ ပြောရင်​ပြောတဲ့အတိုင်းလုပ်တတ်သူမို့ ပိုလန့်ရပါသည်

*အင်း သားငယ်နဲ့ပဲ​တွေ့ပြီး မိတ်ဆက်​ပေးရမယ် ဟို၂​ယောက်မ​ရောက်လာ​သေးရင်​ကောင်းမယ်*

ကား​ပေါ်က ဆင်းဆင်းချင်း​ ​​ရှေ့ကိုရှေးရှုကြည့်​တော့ သားငယ်ရဲ့တစ်ဖက်တစ်ချက်စီမှာဟိုနှစ်​ယောက်က ရယ်ရယ်​မော​မော ကျွန်​တော့်ကိုလဲ တန်း​တွေ့သွားသည်မို့ အ​ပြေး​လေး လှမ်းလာကြသည်

*​သေလိုက်ပါ​တော့ အရင်က ​နောက်ကျ​နေကျ​နှစ်​ကောင်က ဒီ​နေ့မှကြားသားမိုးကြိုး ​စော​စောကြွချီလာတယ်*(စိတ်ထဲ၌သာ ခပ်ကြိတ်ကြိတ်​​ပြောမိပါသည်)

"ရွန်း​ဝေလ ဘယ်လိုဖြစ်တာလဲ ဟို​နေ့က.."

​သားငယ် ပြောရင်းတန့်သွားသည့်အ​ကြောင်းမူကား ကားတစ်ဖက်တံခါးမှဆင်းလာသည့် လူသား​ကြောင့်သာ

သားငယ်က မျက်နှာရိပ်နဲ့​​မေး​ငေါ့​​မေး​ပေမယ့် ကျွန်​တော့်မှာတကယ်အခက်​တွေ့

ကိုကိုက တစ်မဟုတ်ချင်း ကျွန်​တော့်န​ဘေးရပ်လို့ ပုခုံး​လေး လှမ်းဖက်လိုက်သည်မို့ ကျွန်​တော်ပင်​ကြောင်​ငေးကာ ​မေ့ကြည့်မိလျက်သား

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now