Ep 26 Zawgyi

4.2K 91 2
                                    

"ငယ် မနက်ဖြန်စာ​မေးပွဲသွား​ဖြေမှာဆို​တော့ ကိုကိုလိုက်ပို့မယ် ပြီးရင် ကိုကို အလုပ်ဝင်လိုက်မယ် ည​နေလာ​ခေါ်မယ်​လေ​နော်"

"ဟုတ်ကိုကို"

"စာ​တွေ​ရော​နေတယ်အခု​ခေါင်းထဲမှာ"

စာအုပ်ကိုင်ပြီးငိုမဲ့မဲ့ ဖြစ်​နေ​သောက​လေးအား ​ဆံသားလေးများကို ခပ်ဖွဖွပွတ်​ပေးရင်း

"ရသွားမှာပါ ငယ်ရယ် စိတ်​အေး​အေးထား​နော်"

"ကိုကိုမှမ​ဖြေရပဲ အဲ့လို​ပြောနိုင်မှာ​ပေါ့"

"​အော်​ဟော် သူစာမရတိုင်း ပတ်ရမ်းပြန်ပြီ ​ကောင်ဆိုး​လေး"

မျက်​စောင်း​တောင်ခဲလိုက်​သေးတာ ကျွန်​တော့်ကို တကယ့်ရစ်စိန်​လေးပါပဲ

တီတီ!!

"ဟယ်လို ကြည်နူး​ပြော"

"ဆရာ အ​ရေးကြီးကိစ္စ​ပေါ်လာလို့ အခု ဦးတည်မြဲ ဆရာ့ကို​တွေ့ချင်တယ်ဆိုပြီး ဝုန်းဒိုင်းကြဲ​နေလို့ဆရာ"

"Ok ငါအခုထွက်လာမယ်"

"ငယ် ကိုကို အလုပ်မှာအ​ရေးကြီးကိစ္စ​ပေါ်လာလို့ ကိုကိုအပြန်​​ရေခဲမုန့်ဝယ်လာမယ်​နော် ငယ်​လေး"

ရွှတ်

ပါး​ဖောင်း​ဖောင်း​လေးကို ဖြတ်ခနဲ နမ်းပြီး ထွက်ခံနီး ငယ်​လေးက ထိုင်​နေရာမှအလျင်စလိုထ၍

ကျွန်​တော့် လည်ပင်း​ပေါ်လက်ချိတ်ပြီး နှုတ်ခမ်းကိုပြွတ်ခနဲနမ်းခြင်းအမှုကိုပြုသည်

"အားဖြည့်​ပေးတာ ​ချောကလတ်ပါဝယ်ခဲ့​ပေး​နော်"

ဒီရက်ပိုင်းကိုကိုက သူ့နားအ​နေများတာမို့ အ​လုပ်သွားတာ​တောင် သိပ်မကြိုက်ချင်​တော့ ကိုကိုအရင်ကထက် သူ့အ​ပေါ်နူးနူးညံ့ညံ့ဆက်ဆံလာပြီး အခြားလူတစ်​ယောက်လို ​ပြောင်းလဲလာခြင်းကို သူအတိုင်းမသိ ​ပျော်ရပါ၏ တစ်ဖက်မှာလည်း မသိစိတ်၏စိုးရိမ်မှုက ဘာ​ကြောင့်များပါလိမ့်

"ဒါဆို ကိုကို သွားပြီ အကုန်ဝယ်လာမယ်​နော်ငယ်"
×××× ×××××× ××××××× ××××× ××××××××××××
"မာန်ထက်လွှားဘယ်မှာလဲ ထွက်လာစမ်း ခု​တော့မဟုတ်တာလုပ်ပြီး​​ရှောင်​နေတာလား"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now