Episode-8 (U)

1.6K 119 18
                                    

ဒီအတိုင်းဆက်သွားနေရင် ရိပေါ်ကိုဆုံးရှုံးရလိမ့်မယ်ဆိုတာ Meng ကောင်းကောင်းသိတယ်။

ဝမ်မိသားစုကိုဖျက်ဆီးပြီး ဝမ်မိသားစုဆီကပစ္စည်းကိုပြန်ယူနိုင်ခဲ့ရင်တောင်...
သူ ဝမ်ရိပေါ်ကိုဆက်ချစ်နေမိဦးမှာပဲ။

တကယ်လို့ မိသားစုအတွက်တိုက်ပွဲဝင်မလား?ဝမ်ရိပေါ်နဲ့အတူရှိနေမလား? ဆိုပြီးရွေးချယ်ခိုင်းခဲ့ရင် Meng က ဒုတိယရွေးချယ်မှုကို ရွေးချယ်မှာဖြစ်တယ်။ ဝမ်ရိပေါ်နဲ့ထာဝရအတူနေပြီး မိသားစုဘဝလေးတစ်ခုကို သူ တည်ဆောက်ချင်တယ်။

လက်ရှိရှောင်းကျန့်ရဲ့ မြူဆွယ်မှုတွေကို သူသာမတားဆီးနိုင်ခဲ့ရင် မကြာခင်ရိပေါ်ကို သေချာပေါက်ဆုံးရှုံးရလိမ့်မယ်။ ဝမ်ရိပေါ်ကို လက်လွှတ်ဖို့ သူအဆင်သင့်မဖြစ်သေးဘူးလေ။

" ရှောင်းကျန့်ဆိုတဲ့ခွေးကောင်လေး...ဒါတွေဖြစ်နေရတာ မင်းကြောင့်ပဲ! "

Meng ကအော်ရင်း ထွက်သွားခဲ့တယ်။ ထိုင်နေတဲ့ရှောင်းကျန့်ကတော့ Meng အသံကိုကြားလိုက်တော့ပြုံးမိတယ်။သူတို့ကရှောင်းကျန့်ကိုခြိမ်းခြောက်ချင်နေကြတာပဲ။ဒါပေမယ့်သူတို့ဖြစ်စေချင်သလိုဘယ်‌တော့မှဖြစ်လာမှာမဟုတ်ဘူး။

ဒါကပျော်စရာကိစ္စတွေဖြစ်လာမှမဟုတ်တာတော့သေချာတယ်။ ရှောင်းကျန့်အပေါ်လုပ်ခဲ့တဲ့အရာအားလုံးအတွက် သူတို့ပြန်ပေးဆပ်ရလိမ့်မယ်။အထူးသဖြင့်သူ့ကလေးကိုသတ်ခဲ့တဲ့လူတွေပေါ့...

ရှောင်းကျန့်ကအားလုံးကိုမေ့ပစ်ပေးနိုင်ပေမယ့်သူတို့က သူ့ကလေးကိုပြဿနာထဲဆွဲထည့်ခဲ့ကြတယ်။ မထိသင့်တဲ့အရာတစ်ခုကိုသူတို့ကထိခဲ့ကြတာပဲ။

သူ့ကလေးလေးက အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ရင်သွေးဘဝမှာတင်အသတ်ခံခဲ့လိုက်ရတယ်။ရှောင်းကျန့်မှာတော့ သူ့ကလေးကိုမိဘတစ်ယောက်အနေနဲ့တောင် ကာကွယ်ခွင့်မရလိုက်ခဲ့ချေ။

အဲ့ဒိတော့ သူ့ကလေးအတွက် ကလဲ့စားချေသင့်တယ်မလား....?

*******

ရိပေါ်က‌စောစောအနားယူဖို့ဆုံးဖြတ်ရင်းရေချိုးခန်းထဲကထွက်လာခဲ့တယ်။ ရေချိုးခန်းထဲကထွက်အလာ မမျှော်လင့်ပဲအနမ်းခံလိုက်ရတာကြောင့် ဝမ်ရိပေါ်တစ်ယောက် စက္ကန့်အနည်းငယ်မျှမှင်သက်သွားခဲ့တယ်။ ပြီးမှ သူ့ခွင့်ပြုချက်မရဘဲ လာနမ်းတဲ့လူကိုတွန်းထုတ်လိုက်တယ်။

𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )Where stories live. Discover now