Episode-9 (U)

1.2K 112 12
                                    

ရှောင်းကျန့်ကဝမ်ရိပေါ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်ရင်း ဆေးရုံမှာပဲတစ်ညတာ ကုန်ဆုံးခဲ့ရတယ်။

ဝမ်ရိပေါ်က ဒုတိယနေ့မနက်မှာ သတိရလာခဲ့ပြီး ခေါင်းအရိုက်ခံလိုက်ရတဲ့ဒဏ်ရာကြောင့် အမြင်အာရုံခဏတာ ဆုံးရှုံးသွားခဲ့တယ် ။
ကံကောင်းစွာနဲ့ ဒါကယာယီကိစ္စဖြစ်ပဲဖြစ်လို့ စိုးရိမ်စရာမလိုပါဘူးလို့ ဆရာဝန်ကပြောခဲ့တယ်။

" မနေ့ညက ကိုယ့်ကိုဆေးရုံပို့ပေးပြီး ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးပါ ရှောင်းကျန့် "

ရိပေါ် တကယ့်ကိုစိတ်ရင်းအမှန်နဲ့ ပြောလိုက်တာဖြစ်တယ် ။
ပြီးတော့ မနေ့ညကအဖြစ်အပျက်တွေက တကယ်ပဲလားဆိုတာကို သူ့ခေါင်းထဲမှာ မနည်းပြန်စီနေရတယ် ။
Meng က ရှောင်းကျန့်ရဲ့လည်ပင်းကို ညှစ်ဖို့ကြိုးစားခဲ့ပြီး.. အဲ့ဒိအချိန်မှာ သူက ဝင်တားဖို့ကြိုးစားလိုက်တော့ Meng က အနားမှာရှိတဲ့ပန်းအိုးနဲ့ ရှောင်းကျန့်ကိုပေါက်လိုက်တယ် ။ ကံကောင်းစွာပဲ သူဝင်ခံလိုက်တာကြောင့် ရှောင်းကျန့် ဘေးကင်းသွားခဲ့တယ် ။

ထိုအချိန်မှာ ရှောင်းကျန့်က ထရယ်လာတယ် ။

" ကိစ္စမရှိပါဘူး ၊
ကျနော် ဒီမှာ စောင့်မပေးချင်ရင်တောင်...

အဲ့အချိန်တုန်းက ခင်ဗျားရဲ့ နတ်သမီးလိုလှတဲ့ ချစ်သူလေးက ထွက်ပြေးသွားပြီး
ခင်ဗျားမိသားစုတွေကလည်း အနားမှာရှိမနေဘူးလေ ။
ကျနော့်မှာ ရွေးချယ်စရာမရှိတော့လို့သာ ဒီနေရာမှာရှိနေခဲ့ရတာ..၊
ဒါ့ကြောင့် ခင်ဗျား အထင်မှားမနေနဲ့ ။
သားလေးကိုသတ်ခဲ့တဲ့ ခင်ဗျားကို ကျနော်တကယ်မုန်းပြီး ရွံ့တယ် ။
အဲ့ဒိကိစ္စအတွက် ခင်ဗျားကို ကျနော်ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး "

ရှောင်းကျန့်က ပြောရင်းမငိုမိအောင် သူ့ကိုယ်သူ ထိန်းလိုက်တယ် ။
ခုချိန်မှာ သူ့လိုအဖြစ်ဆိုးကြုံခဲ့ရတဲ့ တစ်ကမ္ဘာလုံးလူတွေကို သူ ကယ်တင်နိုင်ခဲ့ရင်တောင် သူ့ကလေးကိုတော့ သူ ပြန်မရနိုင်တော့ဘူး ။

" ကိုယ် နားလည်ပါတယ်၊ ကိုယ်ဘယ်လို လူမဆန်တာတွေ လုပ်ခဲ့လဲဆိုတာလည်း ကိုယ်သိပါတယ် ၊ အခုလည်း ကိုယ်တကယ်နောင်တရနေခဲ့တာပါ ၊ ဒါပေမဲ့ ကိုယ့်ကိုယုံပါ အဲ့ဒိအတွက် ကိုယ်မင်းကိုပြန်ပြီး ပေးဆပ်ပါ့မယ် "

𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )Where stories live. Discover now