Part 19

23.3K 492 19
                                    

Unicode

"wow လှ လှချည်လား"

"မိုက်တယ်ဟေ့"

GYM ထဲကို ဒီဒီဝင်လာတဲ့အချိန် သူရနဲ့ဇေယျတို့ရဲ့ ချီးကျူးသံတွေကြောင့် စိတ်ကျေနပ်စွာပြုံးမိသည် ၁နှစ်အတွင်း ကြိုးကြိုးစားစားနဲ့ အပင်ပန်းခံခဲ့တဲ့အကျိုးကျေးဇူးကြောင့် ပေါင်ချိန် ၁၃၀ပဲရှိတော့ကာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်..

ဒီနေ့မောင်နဲ့အတိုက်အခံတွေလုပ်ကာ ပထမဆုံးအကြိမ်အဖြစ် sport bra နဲ့ legging အမဲရောင်ဝမ်းဆက်လေးကို ဝတ်လာခြင်းဖြစ်သည် အရင်အပတ်ကတည်းက ဝတ်ချင်တာ အကျင့်ပုတ်တဲ့ မောင်က markingရာတွေဇွတ်လုပ်ပစ်လို့ ပျောက်အောင်လုပ်နေရလို့သာ.....
ထပ်ပြီးစွဲအောင်လုပ်ရင် တစ်ပတ်တိတိ နှစ်ယောက်တည်းမတွေ့ဘူး ပြောမှသာရပ်တော့သည်....ဒါတောင်ရင်ညွှန့်နားမှာ တစ်စွန်းတစ်စပေါ်နေတာလေးကို ဖုံးခဲ့ရသေးတယ်....
အဲ့ မောင် တော်တော်ဆိုး~~

"ဟေ့ကောင်တွေ မင်းတို့အကြည့်တွေကို မြန်မြန်သိမ်းစမ်း"

ပြောပြောဆိုဆိုနဲ့ ဒီဒီ့အနားရောက်လာကာ ပေါ်နေတဲ့ ဗိုက်သားတွေကို ဆွဲဖက်ကာ, ကာလိုက်တဲ့မောင်

"ငါတို့က ဒီတိုင်းပဲ ချီးကျူးတာပါကွာ"

"တစ်ခါပြောပြီးတော်ပြီလေ ဘာလို့ဆက်ကြည့်နေသေးလဲ"

"ပုံစံပြောင်းသွားလို့ ဒီတိုင်းခဏလေးကြည့်မိတာ ဘာစိတ်မှမပါပါဘူး"

"ဟဲ့ ငါ့ရည်းစားက ရိုးရိုးသားသား ကြည့်တာလေ ဘာဖြစ်နေတာလဲ သူ့ကောင်မလေးဖြစ်တဲ့ ငါတောင်ဘာမှမပြောဘူး"

"အင်းလေ ကိုဟိန်းထက်ကလည်း ကိုကိုက ဘယ်လိုကြည့်နေလို့လဲ"

"ဘယ်လိုပဲကြည့်ကြည့် ကြည့်ပြီးချက်ချင်းမျက်နှာလွှဲ"

"အမလေးဟယ် အံ့ဩပ ငါတို့ကောင်လေးတွေက မိန်းကလေးတွေဗိုက်သား မမြင်ဖူးတာကျလို့ အဲ့လိုမမြင်စေချင်ရင် မဝတ်ခိုင်းနဲ့ပေါ့"

ဇင်လဲ့ရဲ့ ပွစိပွစိအပြောကို ပြန်ပြောမယ်ပြင်နေတဲ့ မောင့်လက်ကိုဆွဲဆိတ်လိုက်တော့ မောင်ကဆက်မပြောတော့ပါ အားနာစရာကောင်းတယ်မဟုတ်ပါလား
မောင့်သူငယ်ချင်းတွေကတော့ မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ မဲ့ရွဲ့ပြနေသည်

မင်းတစ်ယောက်သာWhere stories live. Discover now