Extra 5

16.2K 479 23
                                    

Unicode

နိုးလာတဲ့အချိန် ဘေးကိုစမ်းလိုက်တော့ သားလေးကမရှိတော့.....ရုတ်တရက် ရင်ထဲဒိန်းခနဲဖြစ်သွားပြီးမှ ကိုယ့်အိမ်မှာမဟုတ်ပဲ မာမီတို့ဆီရောက်နေတယ်ဆိုတာ သတိရပြီး ရင်တုန်ပြေသွားသည်.....
နာရီကိုကြည့်လိုက်တော့ ၃နာရီခွဲနေပြီ...

နာရီဝက်လောက်အိပ်ပျော်သွားတာပဲ!!!!

ကြည့်ရတာ သားကိုနို့တိုက်ရင်း သားကမအိပ်ပဲ ဒီဒီပဲအိပ်သွားတာဖြစ်ရမည်...
ခဏလောက်လှဲနေပြီးမှ မျက်နှာသစ်ဖို့ထလာခဲ့ကာ ရေချိုးခန်းထဲဝင်လိုက်သည်....
မျက်နှာမသစ်သေးပဲ မှန်မှာပေါ်နေတဲ့ ကိုယ်ပုံရိပ်ကိုကြည့်ပြီး ကျချင်သလိုလိုဖြစ်သွားသည့် စိတ်ဓာတ်ကို အားတင်းလိုက် ပြန်ကျလိုက်နဲ့ဖြစ်နေတော့သည်

ကိုယ်ဝန်ဆောင်ကတည်းက ဝလာတဲ့ ခန္ဓာကိုယ်ဟာ သားလေးကိုမွေးပြီးတဲ့အထိပြန်ပိန်မလာသေး.... ဒီဒီက မလုပ်ရင်မလုပ်ဘူး လုပ်ရင်လည်း အဆုံးထိလုပ်တတ်တဲ့သူဆိုတော့ သားလေးကို နို့တိုက်နေရတဲ့အချိန်မှာ အထိခိုက်မခံနိုင်လို့ ဝိတ်ချဖို့ကို ခေါင်းထဲလုံးဝမထည့်မိအောင်ကြိုးစားထားသည်...
နက်ဖြန်ဆိုသားလေး ရက်(၁၀၀)ပြည့်တော့မည်...မာမီတို့အိမ်မှာပဲ ပွဲလေးတစ်ခုလုပ်ဖို့စီစဉ်ထားလို့ ဒီကိုရောက်နေခြင်းဖြစ်သည်... သားကိုမွေးပြီးပထမဆုံးအကြိမ်အဖြစ် လှလှပပလေးပြန်လည် ဝတ်စားရမယ့်အချိန်မှာ ဒီခန္ဓာကိုယ်ကြီးဖြစ်နေတာကိုတော့ တကယ်ပဲစိတ်ညစ်မိပါသည်...

"ဘာတွေ တွေးနေတာလဲ"

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ရေချိုးခန်းတံခါးဘောင်ကို မှီရင်းရပ်နေတဲ့ မောင့်ကိုတွေ့လိုက်ရသည်...

"သားသားရော"

"အောက်မှာလေ... အဖေနဲ့ တီစိုးရော ရောက်နေတယ်... မောင်က ချစ်လေး နိုးပြီလား လာကြည့်တာ... ညနေစောင်းတော့မှာမို့ မနိုးသေးရင် လာနှိုးမလို့"

"အင်း ဒီဒီခဏအိပ်ပျော်သွားတယ်"

"မောင့်ကိုပြောပါဦး ဘာတွေတွေးနေတာလဲ မောင် ရပ်ကြည့်နေတာကြာလှပြီ"

အနားရောက်လာကာ နောက်ကနေ သိုင်းဖက်လိုက်ရင်း မေးလိုက်တဲ့ မောင့်လက်တွေကို ကိုင်လိုက်ပြီး မှန်ထဲပေါ်နေတဲ့ မောင့်မျက်နှာကိုကြည့်လိုက်ကာ

မင်းတစ်ယောက်သာTempat cerita menjadi hidup. Temukan sekarang