Chapter 28

1K 196 2
                                    

'သိမ်ငယ်စိတ်'ဟူသောစကားလုံးက လင်းယွီရန်၏စိတ်ထဲတွင် မကြာခဏပေါ်လာတတ်လေသည်။သူသည်အမြဲတစေအခြားသူများထက် နိမ့်ကျသည်ဟုခံစားရခြင်းမဟုတ်သော်လည်း ရံဖန်ရံခါတော့ဖြစ်ပေါ်တတ်၏။ညံ့ဖျင်းသည်ဟု သူခံစားမိသည့်ပထမဆုံးအချက်မှာ ပန်းချီဆွဲခြင်းပင်။ဒုတိယအချက်မှာရှက်ကြောက်တတ်ကာ ငိုယိုလေ့ရှိခြင်းဖြစ်ပြီး နောက်ဆုံးအချက်မှာပိန်လွန်းပြီးအံဝင်ခွင်ကျင်ဖြစ်မနေခြင်းသာ။

လူတိုင်းကသိမ်ငယ်စိတ်ကိုခံစားရနိုင်သော်လည်း ကုယောင်ယန်ကတော့မခံစားနိုင်ဟုသူတွေးတောခဲ့မိ၏။

ထိုသူကသိသာထင်ရှားစွာပင်အံ့ဩစရာကောင်းပြီး မည်သည့်နေရာတွင်မဆိုလင်းယွီရန်ထပ်များစွာသာလွန်လေသည်။

"ဘယ်လိုများ.....အခြားလူတွေသူတို့ကိုယ်သူတို့ယုံကြည်မှုပြန်ရလာအောင်ကူညီပေးရမလဲ...."

လင်းယွီရန်သည်ကုတင်ပေါ်တွင်လှဲလျောင်းရင်း မေးခွန်းတစ်ခုကိုရိုက်နေ၏။

ကုယောင်ယန်သူ့ကိုယ်သူအထင်အမြင်သေးနေရသည့်အကြောင်းရင်းမှာ သူ့မိသားစုနှင့်သက်ဆိုင်နေသည်ဟု မစ္စတာကျန့်ကပြောပြခဲ့၏။ငယ်စဉ်ကပင် မကောင်းသောကိစ္စများစွာကိုတွေ့ကြုံခဲ့ရပြီး နောက်ဆုံးတွင် နေရောင်အောက်၌နေထိုင်ရန်အခွင့်အရေးရလာသောအခါ တောက်ပမှုကြောင့် မျက်လုံးများပင်မဖွင့်နိုင်တော့။

သူစိမ်းများနှင့်မည်သို့စကားပြောရမလဲ သို့မဟုတ် တခြားသူများနှင့်ဘယ်လိုဆက်ဆံရမလဲဆိုသည်ကိုသူမသိပေ။နှစ်များကြာမြင့်လာသည်နှင့်အမျှ အများကြီးတိုးတက်လာခဲ့သော်လည်း သူကဤငြိမ်းချမ်းသောကမ္ဘာကြီးနှင့်မသက်ဆိုင်ဟု ခံစားနေမိဆဲ။

ထို့ကြောင့်သူကမမလင်း၏မှောင်ခိုဈေးကွက်ဘား၌ ပုန်းနေခဲ့ခြင်းပင်။အကြောင်းအရင်းမှာ ထိုနေရာကသာ သူ့ယခင်ဘဝနှင့်အနီးစပ်ဆုံးဖြစ်နေခြင်းကြောင့်သာ။သူ့တွင်မည်သည့်အရာများဖြစ်လာမလဲဆိုသည်ကိုလည်းဂရုမစိုက်တော့ဘဲ ထိုနေရာတွင်သာသူကိုယ်သူပစ်ထားချင်ခဲ့၏။

"တကယ့်ကိုပြောရခက်တယ်"

လင်းယွီရန်သည် သူ့ဖုန်းထဲ၌ရှာဖွေလိုက်သော်လည်း အဖိုးတန်အချက်အလက်များကိုရှာမတွေ့ခဲ့ပေ။  သက်ပြင်းချပြီးနောက် ဖုန်းကိုသူ့ဘေးတွင်ထားလိုက်၏။သူ၎င်းကိုမမြင်နိုင်ခဲ့သော်လည်း ကုယောင်ယန်မတော်တဆပြောလိုက်သည့်စကားလုံးများက သူ့နှလုံးသားထဲ၌ ပေါ်လွင်နေခဲ့လေသည်။

Heart Like Brilliant Words || ဘာသာပြန် 《Completed》 Where stories live. Discover now