အပိုင်း(၁)

75.8K 1.1K 3
                                    

Unicode
********

*ဝှီး.....*

လေယာဉ်ဘီးပြေးလမ်းနှင့် ပွတ်တိုက်သံက သိုက်ဝဏ္ဏမှိုင်းကို ဆတ်ခနဲ နိုးလာစေသည်။ ဝေဝါးနေသည့် မျက်ဝန်းတွေကို အသာပွတ်လိုက်ပြီး အနည်းငယ် ပုံပျက်နေသည့် အင်္ကျီကို ပြန့်သွားအောင် ဆွဲချလိုက်ကာ သူ့မျက်ဝန်းပြာတွေကို ဖုံးကွယ်ထားသည့် ဆံနွယ်တွေကို သပ်တင်လိုက်တော့ တိကျတဲ့ နဖူးပြင်၊ လေးကိုင်းမျက်ခုံး၊ လေးထောင့်စပ်စပ် ထင်းနေတဲ့ မေးရိုးနှင့် မျက်နှာချောချောက ပေါ်ထွက်လာသည်။

လက်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး ဘေးကို ပြန်ကြည့်လိုက်တော့ သူ့ဘေးမှာ သွားရည် တမျှားမျှားနှင့် ငိုက်စိုက်ကျ အိပ်ပျော်နေသော ကောင်လေးတစ်ဦး။ ဟောက်သံတွေတောင် ပလုံစီထွက်လို့။ သိုက်ဝဏ္ဏမှိုင်း ချက်ခြင်း အကြည့်လွဲလိုက်ပြီး လေယာဉ် ဘီးရပ်တန့်သည့် အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

"ညစ်ပတ်လိုက်တာ! ငါ့ကို အထူးတန်း ယူပေးလို့ ရရက်နဲ့ အမေက ဘာကိစ္စ ရိုးရိုးတန်းမှာထားပေးရတာလဲ"

လေယာဉ် ရပ်သွားသည်အထိ သူ့ဘေးက ကောင်လေးက နိုးးမလာသေး။ ထိုကောင်လေးကို ခွကျော်ကာ သူ့အိတ်ကို ထုတ်လိုက်ပြီး သူ့ဦးတည်ရာသို့သာ ထွက်လာလိုက်တော့သည်။

လေဆိပ်ကထွက်ပြန်တော့လည်း ငှားထားတဲ့ ကားက တော်တော်နှင့် ရောက်မလာ။ မြန်မာနိုင်ငံရဲ့ နွေပူပူနှင့် သူဝတ်လာတဲ့ အနောက်တိုင်း ဝတ်စုံက ထိုနေရာတွင် စပြီး တွေ့ပါလေပြီ။ သူ့လို ဂျာမန်နိုင်ငံမှာ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ လုပ်ငန်းရှင်ကြီးဟာ မြန်မာနိုင်ငံ လေဆိပ်မှာ ချွေးတလုံးလုံးဖြင့် ဆူပုတ်ပြီး ကားအငှားထိုင်စောင့်နေရမယ်လို့ ဘယ်သူကများ စိတ်ကူးမိပါမည်လဲ..။ သူ့ရဲ့ အနောက်တိုင်းဆန်ဆန် ၆ပေ ၄လက်မရှိတဲ့ အရပ်နှင့် မျက်ဝန်းပြာပြာတွေက လေတိပ်ထဲက လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ အလွန်ကို လွယ်ကူလွန်းလှနေသည်။ လူတွေရဲ့ အားကျခြင်းအကြည့်တွေကို သဘောကျပါသော်လည်း အခုလို ရုပ်ပျက်ဆင်းပျက် အချိန်တွင်တော့ သူ့အရှိန်ဝါတွေကို ထုတ်ပြချင်စိတ် မရှိ။

Coming Closer To Your Heart (Complete)Hikayelerin yaşadığı yer. Şimdi keşfedin