Ep-15 U/Z

1.3K 40 0
                                    

မြစ်ကမ်းကနေ ရွာထဲကို ရေထမ်းကတာ အတော်ဝေးလေသည်

တစ်ခါမှ လုပ်စမရှိသော မိုးထက် အတွက် အတော်ပင် ခက်ခဲလေသည်

ရေခပ်လို့ ရေပြည့်ချိန်မှာ ပခုံးတွေပင် ပွန်းနေလေပြီ

အချိန်ကို ကြည့်လိုက်တော့ ၁၁ နာရီပင် ထိုးနေလေပြီ

"ပြီးပြီလား"

"အင်း"

မလှုပ်မယှက် ပြောလာသူက မိုးထက်ပင်

"အဲ့ဒါဆို ထမင်းစားပြီး တစ်ရေးအိပ်လိုက်ပေါ့ ကျွန်မ ကလေးတွေ စာသင်ဦးမယ် အိပ်ယာနိုးရင် ရှင်သမီးတွေ အဝတ်တွေ လျှော်လိုက်ဦး ကျွန်မ ဆပ်ပြာနဲ့ စိမ်ထားတယ် အဲ့ဒါပြီးရင် ထင်းခွဲလိုက်ဦး "

စကားအဆုံးတွင် အလုပ်တွေ တလာစီ ခိုင်းပြီး လှည့်ထွက်သွားသော သူမကြောင့် သူ သက်ပြင်းကိုသာ ရှိုက်မိလေသည်

ထိုနောက် မီးဖိုထဲဝင်ကာ ထမင်း စားပွဲ အုပ်ဆောင်းကို ဖွင့်လိုက်တော့ ပဲသီးကို ကြက်ဥနဲ့ ကြော်ထားသော ပဲသီးကြော် တစ်ခွက် /ခရမ်းချဉ်သီးကြက်ဥမွှေကြော် တစ်ခွက်/ငါးပိရည် တို့စရာ အစုံ တို့ကို တွေ့တော့ သူ သက်ပြင်းသာ ဖွဖွရှိုက်မိလေသည်

အသားဟင်းပါမှ ထမင်းစားတတ်သည့် သူလို သူဌေးသားအတွက် အတော်ကို မခက်တွေ့နေရလေသည်

ရက်စက်ပ ရှင်လွန်းရယ်
📖📖📖📖📖📖📖📖📖📖📖📖

ည၏ တိတ်ဆိတ်မှုက  မိုးထက်ကို အိပ်မပျော်စေပါ

ခန္ဓာကိုယ်ရဲ့ နာကျင်မှုက အတော်ပင်ခံရခက်လေသည်

တစ်ခါမှ မလုပ်ဖူးခဲ့သော အလုပ်တွေကို ပထမ အကြိမ်လုပ်ရသည့် ဖြစ်သဖြင့် သူ့အတွက် အတော်ခံရခက်လေသည်

ဘုရားခန်း ရှေ့မှာ အိပ်နေသော သူ
သောက်ရေအိုး ရှိရာ ထခဲ့ပြီး ရေတစ်ခွက်ကို မော့သောက်လိုက်ပြီး ပြန်အလှည့်

"ဟင် ရှင်လွန်း"

ရှင်လွန်း ဖယောင်းတိုင် မီးလေးကိုင်ကာ သူအရှေ့ မတ်တပ်ရပ်နေသည့်ကို တွေ့လိုက်ရလေသည်

"အင်း ရှင် ဘာဖြစ်နေတာလဲ"

သူ ယဲ့ယဲ့လေး ပြုံးလိုက်ပြီး

မေတ္တာစစ်၍ သစ္စာမှန်ခဲ့သည်Where stories live. Discover now