ဘုန်း တိုက်ခန်းလေးဆီ ရောက်တော့ တံခါးသော့ခက်လျှက်
မျှော်လင့်သမျှ သဲထဲရေသွန်သလိုပင်
Ph ခေါ်ကြည့်တော့လဲ စက်ပိတ်ထားလေသည်
သူမ အိမ်ပြန်သွားတာ သိနေသဖြင့် သူမ အိမ်ph ကို ဆက်မည် ပြင်လိုက်တိုင်း လက်တို့က တုန်ရီကာ ခေါ်မိသည့် အခြေအနေအထိ မရောက်
ဆေးရုံ ရောက်တော့လည်း ဟိုနေရာလဲ သူမ အရိပ် ဒီနေရာလဲ သူမ အရိပ်
ဟူး ကြာရင် သူရူးတော့မည်
အနားရှိနေစဉ်မှာ တန်ဖိုးမထားခဲ့သမျှ အဝေးရောက်လေတော့မှ နှလုံးသားက စိုးရိမ်ပူပန်တတ်နေပြန်ပါပြီ
"ဘယ်လိုလဲ ဘုန်းတောက်ရှိန်"
အိမ်ထဲ ဝင်လာရုံ ရှိသေးသည် မေမေ ၏ ဆူအောင့်အောင့် ဒေါသအသံက ထွက်လာရပြန်ပါသည်
လူက စိတ်ညစ်ရသည့် ကြားထဲ မေမေက တစ်မျိုး
"မေမေကလည်းဗျာ စိတ်ညစ်ရတဲ့ ကြားထဲ ဆူဦးမယ်"
ဒေါ်ရီမွန် သားဖြစ်သူ ကို စေ့စေ့ကြည့်ပြီး
"အခုမှ နင်အပြစ်ကို ငါ့ အပြစ်လာမလုပ်နဲ့ ပြောမပြောချင်ဘူး"
မေမေ ဆူချင်ရာဆူ ပြောချင်ရာ ပြောပါစေတော့ ဟု တွေးကာ ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချမိသည့် အထိပင်
မေမေကတော့ သူကို ဒေါပွရင်း ဆူပူကြိမ်းမောင်းမပျက်ပေ
📖📖📖📖📖📖📖📖📖ရှင်လွန်း မရောက်တာ ကြာပြီ ဖြစ်သော ယောက္ခမ အိမ်
သမီးနှစ်ယောက်ကတော့ ယောင်းမ ဖြစ်သူ လရိပ် သားနှင့် ပျော်လို့
ယောက္ခမတွေကလည်း သမီး နှစ်ယောက်ကို သဲသဲလှုပ် ချစ်ပေးသည့် အတွက် သူမ ပျော်ရပါသည်
"သမီး ထမင်းစားပြီးမှ ပြန်နော် အမေ သမီး ကြိုက်တာလေးတွေ ရွေးချက်ထားတယ်"
"ဟုတ်ကဲ့ အမေ"
ယောက္ခမ ဖြစ်သူ ဒေါ်အရိပ်နှင့် ဟင်းထမင်းများ သူမ ရောက်ကတည်းက ဝိုင်းချက်ပြုတ်နေမိလေသည်
ဒေါ်အရိပ်ကတော့ သား နှင့် ချွေးမ ပြန်အဆင်ပြေသည့် အတွက် ကြည်နူး၍ မဆုံးပေ