【 𝟭 】

962 131 18
                                    

⟨ Unicode Version ⟩
A Critical Chapter
- 01 -

မည်းမှောင်ပြီး ရုတ်ချည်းငြိမ်ကျသွားတဲ့ကွင်းပြင်။ လူသောင်းပေါင်းများစွာတို့က အလင်းရောင်ထွက်လာမယ့် စတိတ်စင်အလယ်တည့်တည့်ကို အာရုံစူးစိုက်နေသလို အသံကလဲ တိတ်ဆိတ်လွန်းသည်။ မည်းမှောင်နေရာကနေ ရုတ်တရက် အလင်းတန်းလေးထွက်လာကာ တေးဂီတသံတွေ စတင်သက်ဝင်ချိန်မှာတော့ ခုနကနဲ့ မတူစွာ လူပေါင်းများစွာတို့ရဲ့ အော်ဟစ်ဆူညံသံများက တေးသံတွေကို ဖုံးလွှမ်းသွားသည်။

“ Three Hip !! Three Hop !! Kim-Ho-Gi ”
“ Three Hip !! Three Hop !! Kim-Ho-Gi ”
“ Three Hip !! Three Hop !! Kim-Ho-Gi ”

ဆူညံနေတဲ့Fan Chantနဲ့အတူ မည်းမှောင်နေခဲ့သောကွင်းပြင်က Lightstickရဲ့မီးရောင်တွေကြောင့် ကွင်းလုံးပြည့် ထိန်လင်းသွားပေပြီ ...။ စတိတ်စင်ထက်မှာလဲ အမိုက်စားကောင်လေးသုံးယောက် မိုက်ကို ကိုင်ကာ စည်းချက်တွေနဲ့အတူ သီချင်းသံတွေ စတင်လာသည်။ Fanတွေရဲ့ နားကွဲမတတ် အော်ဟစ်အားပေးသံနဲ့အတူ ပြုံးပျော်တက်ကြွနေတဲ့ အင်အားထုတွေ ကြားထဲ စတိတ်စင်ပေါ်ကို ခပ်ဆွေးဆွေးလေး ငေးကြည့်နေတဲ့ စတိတ်စင်အောက်က ကောင်လေးတစ်ယောက်။

ခင်ဗျားကတော့ အမြဲတမ်းတောက်ပနေမှာပါ ကင်ဆော့ဂျင် ... ကျွန်တော်ကတော့ အမှောင်ထုတစ်နေရာကနေသာ ခင်ဗျားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့သူတစ်ယောက်ပေ့ါ ...

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ ရား ဆော့ဂျင်! ကောင်းကောင်းလုပ်နိုင်ခဲ့သားပဲ .... မင်းနားကျပ်က လွတ်ထွက်သွားတာကို ... "

ပွဲကြီးပြီးတော့ Backstageမှာ ပခုံးကို ဖျစ်ညှစ်ကာ လာပြောတဲ့ မင်ယွန်ဂီ ..။ ဆော့ဂျင် ချွေးတွေကြားက ပြုံးပြလိုက်သည်။ သူ့အပြုံးက နူးညံ့ခြင်းမပါဝင်တဲ့ တည်တည်တံ့တံ့အပြုံးဖြစ်သည်။

" မင်းတို့တွေကြောင့်ပါကွာ ... ပြီးတော့ ဒါပထမဆုံးအကြိမ်လဲ မဟုတ်ဘူးလေ "

" ဘယ်လိုဖြစ်ဖြစ် ပထမဆုံးအကြိမ်တုန်းက မင်းအသေငိုခဲ့တာမလား "

နွေဦးပုံပြင် ( Jinkook Collection) 【Completed】Where stories live. Discover now