【02】

611 127 22
                                    

⟨ Unicode Version ⟩
A Critical Chapter
- 02 -

" လက်ခံချင်ခံ မခံချင်နေ.. နောက်နှစ်လမှာလုပ်မဲ့ concertမှာ ကြေညာမှာ "

" ကင်ဆော့ဂျင် !! အဖွဲ့ထိခိုက်မှာ မကြောက်ဘူးလား "

" အိုးဟိုး ... သိပ်ကြောက်တာပေါ့ .. ဖန်တွေထိခိုက်မှာလဲ သိပ်ကြောက်တာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ပေးနေတဲ့မက်ဆေ့ခ်ျတွေက ကျွန်တော်တို့အတွက် မမှန်ရင် လက်ခံနေရတဲ့ဖန်တွေအတွက်လဲ အန္တရာယ်မရှိဘူးလား ... ဆက်ပြီးမလိမ်ချင်တော့ဘူး ... ဖန်တွေက ကျွန်တော်တို့ကိုချစ်ရင် ကျွန်တော်တို့ချစ်တဲ့သူကိုပါ လက်ခံပေးမှာပါ .. ဆယ်စုနှစ်တစ်ခုရောက်ပြီမို့ သူတို့လဲ ဒီသဘောတရားကိုကောင်းကောင်းနားလည်ပါတယ် ... တစ်ချို့ဆို ချစ်သူမြန်မြန်ရစေချင်ပြီတောင် ပြောနေကြတာမတွေ့ဘူးလား "

ဒေါသတွေနဲ့အစပျိုးတဲ့စကားက လေသံတွေလျော့ကျတော့ မန်နေဂျာ သက်ပြင်းချလိုက်သည်။

" ကုမ္ပဏီထိခိုက်မှာကြောက်နေတာလား ... မပူပါနဲ့ သီချင်းမဆိုရရင် သီချင်းရေးပေးမှာပါ ဒါပေမဲ့လဲ ထိခိုက်စရာမရှိဘူး ... အသစ်debutထားတဲ့ကလေးတွေက အရည်အချင်းရှိတယ်လေ... "

" ဆော့ဂျင်ရား ... ပြသနာက ကုမ္ပဏီထိခိုက်မှာစိုးလို့မဟုတ်ဘူး .... အရင်ဆုံး မင်းကောင်လေး ဘယ်မှာရှိနေလဲဆိုတာ အရင်စုံစမ်းလို့ပဲ ပြောချင်တယ် ... ပြီးတော့ တောင်းပန်ပါတယ် ဒီအတောအတွင်း သူ့ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားမိခဲ့တယ် "

" ဘာ !! "

" မင်းနဲ့ပတ်သက်တဲ့သတင်းတွေ မထွက်နိုင်အောင်!! ထွက်ရင်လဲ တခြားသတင်းထောက်တွေထက် အရင်ကြိုသိရအောင်လို့ လုပ်ခဲ့တာပါ အဲ့ဒီ့အတွက်... "

" ( ဒုန်း ) "

ဆော့ဂျင် ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။

ဂျောင်ဂု အနှောင့်အယှက်ဖြစ်နေခဲ့တာ ဒီကိစ္စမဟုတ်လား ...


" ဘာလို့မပြောခဲ့တာလဲ ကျွန်တော့်ကို နည်းနည်းပါးပါးအသိပေးခဲ့ပါလား အခုတော့ .. "

နွေဦးပုံပြင် ( Jinkook Collection) 【Completed】Where stories live. Discover now