Description

30.5K 1.1K 22
                                    

[Unicode]

ဇာတ်လမ်းရဲ့အစကတည်းက ချီယန်ဟာ သူ့ကိုယ်သူနဲ့ ပတ်သက်ပြီး အကြောင်းရင်း ၂ ခုကို မကျေမနပ်ဖြစ်လို့ နေပါသတဲ့။

တစ်ခုက သူ့နာမည်ဟာ စွမ်းအားသိပ်မကြီးလို့ဖြစ်ပြီး နောက်တစ်ခုကတော့ သူ့ရုပ်ရည်က နာမည်လောက်တောင် အစွမ်းရှိပုံမပေါ်လို့ပါပဲ။

ဒါပေမယ့်လည်း အဲ့ဒါတွေဟာ သံမဏိသွားနဲ့ ယုန်ဖြူလေးတစ်ကောင်ရဲ့ ဘဝခရီးလမ်းကိုတော့ နည်းနည်းမှ သက်ရောက်မှုမရှိခဲ့ပါဘူး။

ခေတ်နဲ့အညီ လိုက်လျောညီထွေနေနိုင်ပြီး ရှုထောင့် ၅ ခုနဲ့ အလှတရား ၄ ပါးကို အာရုံထားသူ ဖုန်းရွှေဆရာသခင်လေး ဘယ်လိုဖြစ်လာသလဲဆိုတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ အားလုံးကို ဖော်ပြပေးလိုက်ပါတယ်။

***

[T/N - ဖုန်းရွှေ (风水) ဆိုတာ တရုတ်ရိုးရာ ဘူမိနက္ခတ်ပညာပါ။ ဝေါဟာရ အရဆိုရင် 风-လေ၊ 水-ရေ ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ ဟိုးရှေးရှေးခေတ်တွေတုန်းက ကုန်းမြေတွေ၊ ရေတွေဆိုတာ စကြာဝဠာ စွမ်းအင်စီးကြောင်းကို ညွှန်ပြနေတယ်လို့ ယူဆခဲ့ကြပါတယ်။ အဲ့ဒီစွမ်းအင်စီးကြောင်းနဲ့ ရေ၊ လေ စီးကြောင်းတွေက ထပ်တူညီတယ်လို့ ယူဆကြတာမို့ မြေနေရာတွေပေါ်ကြည့်ပြီး ကြွယ်ဝချမ်းသာမှု၊ ပျော်ရွှင်ကျန်းမာမှု၊ လာဘ်လာဘတိုးတက်မှုတွေကို ခန့်မှန်းတွက်ချက်တဲ့ ပညာရပ်ကို ဖုန်းရွှေပညာလို့ ခေါ်ပါတယ်။

နောက်တစ်ခုက ရှုထောင့် ၅ ခုနဲ့ အလှတရား ၄ ပါး (五讲四美) ဆိုတာကတော့ ၁၉၈၁ ခုနှစ်ဝန်းကျင်လောက်က တရုတ်ပြည်မကြီးရဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုပါ။

ရှုထောင့် ၅ ခုဆိုတာ-
၁။ တင့်သင့်လျောက်ပတ်သော အပြုအမူ
၂။ ယဉ်ကျေးပျူငှာမှု
၃။ တစ်ကိုယ်ရည် သန့်ရှင်းမှု
၄။ စည်းကမ်းလိုက်နာမှု နဲ့
၅။ အကျင့်စာရိတ္တကောင်းမွန်မှု ဆိုတာတွေကို ရည်ညွှန်းပါတယ်။

အလှတရား ၄ ပါးကတော့ -
၁။ စိတ်နှလုံးရဲ့ အလှ
၂။ ဘာသာစကားရဲ့ အလှ
၃။ အမူအကျင့်တို့ရဲ့ အလှ
၄။ ပတ်ဝန်းကျင်ရဲ့ အလှ တို့ပဲ ဖြစ်ပါတယ်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now