𝖯𝖺𝗋𝗍_1(အိမ်မက်ဆိုးနှင့်ပထမဆုံးတွေ့ဆုံခြင်း

223 29 7
                                    

(Unicode)

" အားးး!!!!!!!!!!!.....Yongbok!!!! ကလေးငယ်မဖြစ်ဖူးး!!!!! "

အော်ဟစ်၍အိမ်မက်မှလန့်နိုးလာသူမှာ အခြားသူမဟုတ် Changbinပင်...

အိပ်ယာဘေးမှ နာရီအား ယူကြည့်ရင်း မနက်၃နာရီစွန်း"သာ ဖြစ်‌နေသေးသော်ငြားပြန်အိပ်ရန်မဖြစ်နိုင်သည်ကို သိသည့်အလျှောက် စီးကရက်အားယူကာ New Yorkမြို့မှ တိုက်အ‌ဆောက်အုံများကို ကြည့်ရန်ဧည့်ခန်းထဲမှထွက်လာခဲ့သည်...

ဒီလို ကလေးငယ်ကိုယ်တိုင်ပါဝင်သည့် အိမ်မက်ဆိုးများမက်သည်ကိုပင် Changbinသည်အလွန်ကိုနှစ်သက်မိ၏။ စီးကရက်အား သုံးစွဲရှူရိုက်ရင်း မှန်အပြည့်နှင့် ခမ်းနားစွာတည်ရှိနေသော နေရာမှ New York မြို့၏ မီးရောင်များကြား မြို့အလှအားကြည့်လျက်စဉ်းစားခန်းဝင်မိသည်။

လွန်ခဲ့သောနှစ် အနည်းငယ်ကပင် ကလေးငယ်အပေါ်သူပေးခဲ့တဲ့ဒဏ်ရာကြောင့် စိတ်နာနေပြီထင်မိသော်လည်း အိမ်မက်ဆိုးများထဲတွင် ရောကာပါဝင်လာတတ်သည့် ကလေးငယ်ကြောင့် Changbin စိတ်ပင်မဆိုးရက်သလို မုန်းလဲမမုန်းရက်ပေ~...ကလေးငယ်အပေါ် ကျူးလွန်ထားသောအမှား ကလေးငယ်ရင်ဆိုင်ခဲ့ရသော ပြသနာများထက် ယှဉ်လျှင် ယခုအိမ်မက်မှာပမွှားပင်ရှိသေးသည်။

အရာအားလုံးသာ အချိန်ပြန်ဆုတ်လို့ရခဲ့လျှင် Changbinဟာ ကလေးငယ်နှင့်ကွေကွင်းရသည့် ဆုံးဖြတ်ချက်အားပြန်ပြင်ကောင်းပါရဲ့... Changbin ကလေးငယ်နှင့်အတူချစ်ခင်ခဲ့စဉ် နောက်ကြောင်းအားပြန်စဉ်းစားခန်းဝင်ပြီး သတိပြန်ကပ်တော့ နာရီမှာ ၅နာရီစွန်းစွန်းတောင် ရောက်နေလေ့ရဲ့။ ဒီလိုပါပဲ ကလေးငယ် ကို့ဘဝရဲ့ မနက်ခင်းကို မင်းအကြောင်းနဲ့ပဲကုန်ဆုံးမယ်၊နေ့လည်၊ညနေခင်း၊ည အကုန်လုံးကို ကလေးငယ်ဆိုတဲ့ မင်းတယောက်ကပဲ အပြည့်ဝကို ဆိုးမိုးထားမယ်။ကိုယ်ဒီလောက် အတ္တကြီးလို့တော့ ရတယ်မလား ကလေးငယ်...ဟက်! အသက်မရှိသည့် စက်ရုပ်တရုပ်အလား ခပ်မဲ့မဲ့အပြုံးအားတပ်ဆင်လျက် Changbin သည်အဖြေပြန်ကြားမည့်သူမရှိသော မေးခွန်းအား ဆက်၍မေးနေဆဲပင်။

3.8.2022

ယနေ့ Hyunjinတက္ကသိုလ်စတက်ရန် ပထမဆုံးနှစ်ဖြစ်၍ Jisungအားဝင်ခေါ်ရင်း ကျောင်းအတူသွားရန် အားသန်နေသည်။ အကြောင်းမှာအခြားမဟုတ် တက္ကသိုလ်မှ Noona လှလှများအားလိုက်ကြောင်ရန်တာဆူနေခြင်း...

ꕥ𝙏𝙝𝙚 𝙊𝙣𝙚 𝙩𝙝𝙖𝙩 𝙂𝙤𝙩 𝘼𝙬𝙖𝙮☔︎Where stories live. Discover now