Ep - 7 (Arc - 1.6 End)

700 76 2
                                    

Zawgyi

❤ ဖရက်ဒီ ❤

နောက်တစ်နေ့မှာပဲ သရည်စာတိုင်းပြည်
ပြည့်ရှင်မင်း နဲ့ အချိုပွဲတိုင်းပြည်
ပြည့်ရှင်မင်းရဲ့ခမ်းနားကြီးကျယ်တဲ့
မင်္ဂလာပွဲကြီးကို ကြီးကြီးကျယ်ကျယ်
ခမ်းခမ်းနားနားကျင်းပခဲ့ကြတယ်...

အချိုပွဲတိုင်းပြည်ရဲ့ပြည်သူပြည်သား
အပေါင်းတို့ဟာတိုင်းပြည်အတွင်း
မြောက်များလှသောချောကလက်
များစွာပြန်လည်ရောက်ရှိလာခြင်း
ကြောင့်ရယ် သူတို့ဘုရင်မင်းမြတ်ရဲ့
မင်္ဂလာသတင်းရယ်ကြောင့်
၂ထပ်ကွမ်းပျော်ရွှင်ဝမ်းမြှောက်မှုက
ပြောမပြတတ်အောင်ပါပဲ...

အားလုံးထဲမှာဖရက်ဒီ၁ယောက်သာ
မျက်နှာက ဟန်ဆောင်ပန်ဆောင်တောင်
မပြုံးမရွှင်နိုင်ဖြစ်နေရတာ...
ဒန်နီရယ်ကတော့ ဘုံ ၃၁ ဘုံကိုအပိုင်
စားရလိုက်သလိုကိုပျော်ရွှင်မြူးတူး
ပြီးမျက်နှာအရောင်လင်းလက်နေခဲ့
တာ...

မင်္ဂလာအစီစဉ်ပြီးမြှောက်တဲ့အချိန်
မှာပဲဖရက်ဒီ ဒန်နီရယ်ရဲ့
ချစ်ခြင်းမေတ္တာတွေပြည့်နက်နေတဲ့
အနမ်းဖွဖွလေးပေးခြင်းခံလိုက်ရတယ်...
တစ်ချိန်တည်းမှာပဲsystemဆီကနေ
missionအားလုံးcompleteဖြစ်လို့
နောက်ကမ္ဘာဆီကူးပြောင်းလို့ရပြီ
ဖြစ်ကြောင်းပြောသံကြားလာရတယ်...

*အွန်း ငါထွက်ခွာမယ်ဆိုဘယ်လိုလုပ်ရ
မှာလဲ...*

မေးသာမေးလိုက်ပေမဲ့လဲတကယ့်
တကယ်ထွက်ခွာရမယ်ဆိုတော့လဲ
ဘာကြောင့်ရယ်မသိ...
ရင်ဘတ်ထဲကအောင့်တောင့်တောင့်
ခံစားချက်ကြီးကနေရခက်လို့နေတယ်...

"ဒီခန္ဓာကိုယ်သေမှhostဝိညာဉ်ထွက်ခွာ
လို့ရမှာပါ..."

*အဲ့လိုလား...သိပြီ...*

ဒန်နီရယ် ဖရက်ဒီ့ကိုနမ်းပြီးတော့
လက်လေး၂ဖက်ကိုဆုတ်ကိုင်ကာ
အကြင်နာတွေပြည့်လျှံနေတဲ့မျက်ဝန်း
နဲ့အကြည့်ချင်းဆုံကာပြုံးနေမိတယ်...
ဖရက်ဒီလဲပြန်ကာပြုံးပြလိုက်ပါတယ်...

ထိုအချိန်ဖရက်ဒီအကြည့်ထဲဝင်ရောက်
လာတဲ့ဒန်နီရယ့်အနောက်ဘက်
ခပ်လှမ်းလှမ်းကမသင်္ကာစရာ
လူ၁ယောက်...
ထိုသူကဘယ်သူမှသတိမထားမိခင်မှာ
ပဲ လိုက်ကာ၁ခုနောက်မှာဖွက်ထားတဲ့
ဒူးလေး ကိုထုတ်ကာဒန်နီရယ်ဘက်ကို
ချိန်ပြီးပစ်လိုက်တယ်...

Heart attack systemWhere stories live. Discover now