PART ❦︎8❦︎

4.8K 136 0
                                    

{UNICODE}

❦︎ဦးရဲ့ဟန်ဆောင်သတို့သမီး❦︎

အခန်း(၈)

"မင်းငါ့ဘေးမှာဘာလုပ်နေတာလဲ....."

"အော်...."

နိုးလာလာချင်းရန်ဆောင်ကာ
မာထန်ထန်နှင့်မေးနေတဲ့သူ့အသံကြောင့်
လိပ်ပြာ စိတ်ထဲအချဉ်ပေါက်၍ သူ့ကို
အော်တစ်လုံးသာပြောမိ၏။
သူကပဲပြောရတယ်ရှိသေး
သူလာအိပ်တာကလိပ်ပြာ အိပ်ယာ
ကောက်ညှင်းကမစေးရဘဲ ဆန်ကြမ်းကစေးနေပါ့လား....

"ဘာအော်တာလဲ ငါမေးတာ မင်းဘာလို့
ငါ့ဘေးရောက်နေလဲဆိုတာပဲ....."

"လိပ်ပြာကိုမမေးခင် ဦးနေဘာသာအရင်ကြည့်
ဘယ်သူကဘယ်သူ့ဘေးရောက်နေလဲဆိုတာ...."

"ဘာ...."

လိပ်ပြာအပြောကြောင့်နေ ဒေါသတို့
ထောင်းခနဲဖြစ်သွားမိ၏။
သူမကပဲပြောရတယ်ရှိသေး....

"ဟုတ်တယ် ဒါဖွားဖွားလိပ်ပြာအတွက်
သီးသန့်ပြင်ပေးထားတဲ့အခန်း
ဦးနေကသာပိုင်စိုးပိုင်နင်းလိပ်ပြာအခန်းထဲ
ခြေကျွံပြီးလာအိပ်နေတာလေ
သူများခါးကိုလဲကျိုးမတတ်ဖက်ထားသေးတာ
ဒါတွေမသိပဲ အခုမှအိုးကမပူ စလောင်းကပူ
လုပ်မနေနဲ့ ရှက်ဖို့ကောင်းတယ်......."

အခန်းကျယ်ကြီးကိုဝေ့ပတ်ကြည့်ရင်း
သူမရဲ့အပြောတွေကြောင့် နေ ညကအဖြစ်တွေကို
တစ်စတစ်စပြန်မြင်ယောင်ကာမျက်နှာကြီး
ရဲတွတ်လာမိ၏။
ဒါ ဒါဆို သူမကိုသူနမ်းလိုက်သေးတာပဲ
ဒါရော‌သိသွားသေးလား.....
တောက် ဘာတွေလျှောက်လုပ်မိတာလဲကွာ....။

သူမကရှက်တာကိုဖုံးကွယ်ကာ ကုတင်ပေါ်က
ဆင်းရင်းရေချိုးခန်းထဲဝင်သွား၏။
ထိုအခါကျမှနေလဲပူထူနေတဲ့မျက်နှာကို
လက်ဝါးနဲ့ပွတ်သပ်ကာ ကိုယ့်အခန်းကိုယ်ပြန်ရန်
တံခါးဖွင့်လိုက်ချင်းမြင်လိုက်ရတာက

"မေမေ....."

"သား နေ....မင်း မင်းလိပ်ပြာအခန်းထဲက
ထွက်လာတာပဲ မင်းတို့နှစ်ယောက် ည ညက...."

ထစ်ထစ်ငေါ့ငေါ့နှင့်မျက်စိကြီးပြူးနေတဲ့
မေမေ့ကိုကြည့်ကာ ဆံပင်တွေကိုစိတ်ပျက်သလို
ဆွဲဖွပြစ်၍

❦︎ဦးရဲ့ဟန်ဆောင်သတို့သမီး❦︎  {Complete}Where stories live. Discover now