PART ❦︎14❦︎

4.2K 107 2
                                    

{UNICODE}

❦︎ဦးရဲ့ဟန်ဆောင်သတို့သမီး❦︎

အခန်း(၁၄)

"ရင်ဝှက်လိပ်ပြာ
မင်းအခုအပြာနုကိုလာတောင်းပန်စမ်း...."

"ဟင်...."

လိပ်ပြာ လှည့်ကြည့်လိုက်တဲ့အခါ အပြာနုကို
ထူတွဲပေးထားတဲ့ဦးနေကလိပ်ပြာကို
ခပ်မာမာစိုက်ကြည့်ရင်းဆိုလာတာကြောင့်
ရင်ထဲမှာအောင့်သက်သက်ခံစားလိုက်ရ၏။

အပြာနုကိုကြည့်လိုက်မိတော့သူမက
ဘယ်လိုလဲဆိုသည့်အကြည့်မျိုး
ဒီမိန်းမသိပ်ကိုမာယာများတယ်
ဟွန်း လိပ်ပြာဆိုတဲ့မိန်းမကလဲကိုယ်မလုပ်ထားရင်
သေဆိုရင်သာသေလိုက်မယ် ဘယ်တော့မှ
ဒူးထောက်အရှုံးပေးပြီးတောင်းပန်မှာမဟုတ်ဘူး
အထူးသဖြင့်အပြာနုကိုဆိုပိုဆိုးသေးတယ်....

လိပ်ပြာ သူ့ကိုတစ်လှည့်အပြာနုကိုတစ်လှည့်
ခပ်စူးစူးစိုက်ကြည့်ကာ အနားကိုတစ်လှမ်းချင်း
လျှောက်သွားလိုက်၏။
ထို့အတူမျက်စိကလဲအစောကအပြာနု
သောက်လက်စကော်ဖီခွက်ကိုရောက်သွား
တာကြောင့်မျက်ဝန်းတို့စူးလက်သွား၍
(လိပ်ပြာကိုလာစမ်းချင်တာမလား ရတယ်လေ...)

"တောင်းပန်ရမယ်ဟုတ်လား လိပ်ပြာ
ဘာလုပ်လိုက်လို့တောင်းပန်ရမှာလဲ...."

သူ့ကိုခပ်မာမာကြည့်ရင်းမေးတော့ သူက
မျက်နှာအနည်းငယ်လျော့ကျသွား၏။
ကြည့်ရတာသူကြားလိုက်တဲ့ပုံ

"မင်းအပြစ်လုပ်ထားပြီးတောင်းပန်ရမှာပေါ့ကွ
သူ့ကိုအောက်ကျအောင်တွန်းထုတ်လိုက်တာ
ငါမမြင်ဘူးအောင့်မေ့နေလား...."

နေ မေးလိုက်တော့သူမကခေါင်းတဆတ်ဆတ်
ညိမ့်ကာ သူ့ကိုတွန့်ပြုံးကြည့်၍

"လိပ်ပြာလုပ်တာကျမြင်တယ်
အဲ့လိုလုပ်အောင်သူဖန်တီးတာကျ
မမြင်ဘူးမလား
ရတယ် တောင်းပန်ဆိုလဲရတယ်
ဒါပေမဲ့အပြစ်မရှိပဲနဲ့တော့အသားလွတ်
မတောင်းပန်နိုင်ဘူး....."

လိပ်ပြာ ကြိုတင်တွေးထားပြီးသားမို့စားပွဲပေါ်က
ကော်ဖီခွက်ကိုယူကာ အပြာနုရဲ့ရင်ဘတ်
တည့်တည့်ကိုပတ်ထည့်လိုက်၏။
ထိုအခါကျမှ ဆွေ့ဆွေ့ခုန်သွားတဲ့
အပြာနုက နေ့လက်ထဲကရုန်းထွက်ရင်း
ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ
ပြီးမှသတိရသွားသလိုလိပ်ပြာကိုခပ်စူးစူး
စိုက်ကြည့်လာလျက်....

❦︎ဦးရဲ့ဟန်ဆောင်သတို့သမီး❦︎  {Complete}Where stories live. Discover now