2nd Mail

238 31 1
                                    

အောက်တွင်ပါရှိသောအကြောင်းအရာများသည် mail၌ရေးသားထားခြင်းသာဖြစ်သည်။
************

သို့
     ချစ်ရပါသောဝမ်

     အစ််ကို့စာတွေကို ဝင်မဖတ်ချင်လောက်အောင်၊ အစ်ကို့ကို စာမပြန်ချင်လောက်အောင် မုန်းများမုန်းသွားလေသလား အစ်ကို့ရဲ့အသည်းအသက်လေးရယ်။ အစ်ကို့ရဲ့ရွေးချယ်မှုက ဝမ့်အတွက် စိတ်ထိခိုက်စရာဖြစ်နေမယ်ဆို အစ်ကိုနားလည်ပါတယ်။ ဘယ်ဝေးချင်ပါ့မလဲ အသည်းအသက်ကလေးရယ် ဘယ်ဝေးချင်ပါ့မလဲ...။ အသည်းအသက်နဲ့ ဝေးတဲ့အရပ်ဆိုတာ ဘယ်လောက်ပဲ ကောင်းတဲ့အချက်တွေအများကြီးရှိပါစေ အစ်ကို့အတွက်တော့ အဆုံးမသတ်ရသေးတဲ့ ပန်းချီကားချက်တစ်ခုလိုပါပဲ။ အစ်ကို့ရဲ့ ချစ်ရပါသောဝမ်ကလေးနဲ့အဆုံးသတ်မှ ပြီးပြည့်စုံမယ့်ပန်းချီကားတစ်ချက်ဟာ အစ်ကို့ရဲ့ဘဝပုံပန်းသဏ္ဌာန်ပါ။
       စိတ်ဆိုးလို့တော့ဖြင့် ရွှေစိတ်တော်လေးမညှိုးလိုက်ပါနဲ့ကွယ်။ ချစ်ရတဲ့ဝမ်ကလေးအတွက်ရွေးချယ်ခဲ့တဲ့လမ်းမို့ တခဏတာဝေးနေရပေမယ့် ကျန်ရှိနေသေးတဲ့အချိန်တွေအများကြီးကို ဝမ်က အစ်ကိုနဲ့ကုန်ဆုံးရမှာမို့လို့ အကြာကြီးတော့ စိတ်မဆိုးလိုက်ပါနဲ့။ အစ်ကို့ရဲ့ဝမ်ကလေးက အစ်ကို့အပေါ်တအားဂျစ်တာ အစ်ကိုသိပါတယ်။ ဒါပေမယ့် အရင်လိုအနမ်းခြွေပြီးချော့နိုင်ဖို့ ဝမ်ကလေးရဲ့အနီးမှာ အစ်ကိုရှိမနေဘူးလေကွယ်။

ဝမ်စာပြန်တာကိုမျှော်နေမည့်
                                               ဝမ့်ရဲ့ ရှောင်း

ေအာက္တြင္ပါရွိေသာအေၾကာင္းအရာမ်ားသည္ mail၌ေရးသားထားျခင္းသာျဖစ္သည္။
************

သို႔
     ခ်စ္ရပါေသာဝမ္

     အစ္္ကို႔စာေတြကို ဝင္မဖတ္ခ်င္ေလာက္ေအာင္၊ အစ္ကို႔ကို စာမျပန္ခ်င္ေလာက္ေအာင္ မုန္းမ်ားမုန္းသြားေလသလား အစ္ကို႔ရဲ့အသည္းအသက္ေလးရယ္။ အစ္ကို႔ရဲ့ေရြးခ်ယ္မွုက ဝမ့္အတြက္ စိတ္ထိခိုက္စရာျဖစ္ေနမယ္ဆို အစ္ကိုနားလည္ပါတယ္။ ဘယ္ေဝးခ်င္ပါ့မလဲ အသည္းအသက္ကေလးရယ္ ဘယ္ေဝးခ်င္ပါ့မလဲ...။ အသည္းအသက္နဲ႔ ေဝးတဲ့အရပ္ဆိုတာ ဘယ္ေလာက္ပဲ ေကာင္းတဲ့အခ်က္ေတြအမ်ားႀကီးရွိပါေစ အစ္ကို႔အတြက္ေတာ့ အဆုံးမသတ္ရေသးတဲ့ ပန္းခ်ီကားခ်က္တစ္ခုလိုပါပဲ။ အစ္ကို႔ရဲ့ ခ်စ္ရပါေသာဝမ္ကေလးနဲ႔အဆုံးသတ္မွ ၿပီးျပည့္စုံမယ့္ပန္းခ်ီကားတစ္ခ်က္ဟာ အစ္ကို႔ရဲ့ဘဝပုံပန္းသဏၭာန္ပါ။
       စိတ္ဆိုးလို႔ေတာ့ျဖင့္ ေရႊစိတ္ေတာ္ေလးမညႇိုးလိုက္ပါနဲ႔ကြယ္။ ခ်စ္ရတဲ့ဝမ္ကေလးအတြက္ေရြးခ်ယ္ခဲ့တဲ့လမ္းမို႔ တခဏတာေဝးေနရေပမယ့္ က်န္ရွိေနေသးတဲ့အခ်ိန္ေတြအမ်ားႀကီးကို ဝမ္က အစ္ကိုနဲ႔ကုန္ဆုံးရမွာမို႔လို႔ အၾကာႀကီးေတာ့ စိတ္မဆိုးလိုက္ပါနဲ႔။ အစ္ကို႔ရဲ့ဝမ္ကေလးက အစ္ကို႔အေပၚတအားဂ်စ္တာ အစ္ကိုသိပါတယ္။ ဒါေပမယ့္ အရင္လိုအနမ္းေႁခြၿပီးေခ်ာ့နိုင္ဖို႔ ဝမ္ကေလးရဲ့အနီးမွာ အစ္ကိုရွိမေနဘူးေလကြယ္။

ဝမ္စာျပန္တာကိုေမၽွာ္ေနမည့္
                                               ဝမ့္ရဲ့ ေရွာင္း

သို့ ချစ်ရပါသောဝမ်Where stories live. Discover now