3rd Mail
141 19 2
အောက်တွင်ပါရှိသောအကြောင်းအရာများသည် mail၌ရေးသားထားခြင်းသာဖြစ်သည်။
************
သို့
     ချစ်ရပါသောဝမ်
  နေကောင်းပါရဲ့လား ဝမ်။ အခုတလော အအေးမိတုပ်ကွေးရောဂါဖြစ်တဲ့လူတွေများကြတယ်နော်။ ဝမ်ကလေးလည်း နေမကောင်းမဖြစ်စေနဲ့ဦးနော်။ အစ်ကို့ဆီမှာတော့ နှင်းတွေတအားကျပြီး ခိုက်ခိုက်တုန်အောင်အေးနေတာမို့ အင်္ကျီအထူကြီးတွေဝတ်ပြီး မီးလှုံနေရပြီ။ အကယ်၍ အခုအချိန်မှာများ ဝမ်သာ အစ်ကိုဘေးမှာရှိနေရင် အစ်ကိုဝတ်ထားတဲ့အနွေးထည်အထူကြီးအောက်မှာ ဝမ့်ကိုသိုင်းဖက်ထားရင်း အေးလွန်းလှတဲ့ရာသီဥတုကို ကျော်ဖြတ်နိုင်မယ်ထင်ပါရဲ့။ အခုများတော့ အစ်ကို့ရဲ့အပြစ်တွေကြောင့်နဲ့ ဝမ်မရှိတဲ့အရပ်မှာ အေးခဲလို့ တစ်ကိုယ်တည်းဖြတ်သန်းရပါတော့မယ်။
                  စာလည်းမလာ၊ သတင်းလည်းမကြားရပါတဲ့ ချစ်ရပါသောဝမ်ကလေး အဆင်ရောပြေနေပါရဲ့လားကွယ်။ တစ်နေ့တာဖြစ်ပျက်သမျှအကြောင်းအရာတို့ကို ဝမ်ကလေးနဲ့အတူဝေမျှဖို့ အစ်ကိုကဆန္ဒရှိတာကြောင့် ဝမ့်ဆီက ပြန်စာလေးတစ်ခုတစ်လေများရရင် ပျော်ရပါချည်ရဲ့ ဝမ်...။
ဝမ့်ကို အမြဲတမ်းချစ်နေမယ့်
                                              ရှောင်း...။
[Zawgyi]
************
သို့
     ချစ်ရပါသောဝမ်
                                              ရှောင်း...။
သို့ ချစ်ရပါသောဝမ်Where stories live. Discover now