Part4

9K 76 0
                                    

♥️♥️ဖရင့်ကို နှိက်စက် တယ်မထင်ပါနဲ့နော် ဖရင့်ကလည်းလူသားတစ်ယောက်မို့ ချစ်တက်ပါတယ် ချစ်တက်တာမှအကြီးကြီးချစ်တက်တာပါနော် အခုတစ်ပိုင်းမှာ အချိုလေးကျွေးထားပါတယ် ဖတ်ပေးကြပါနော်♥️♥️

"စေလိုရာ ဖရင့်ခေါ်ခိုင်းလိုက်တယ်"

‌ခန္တာကိုယ်အေးစိမ့်စိမ့်နှင့်တုန်ခိုက်ပြီး နေမကောင်းသလိုဖြစ်နေတာကြောင့် အိပ်ရာထဲမှာကွေးနေမိသည်။ဘာကြောင့်လို့မသိပေမယ့် စေလိုရာကို အခန်းတစ်ခန်းခွဲပေးထားပြီး အခြားသူများနှင့်မထိတွေ့ရဘူးဟု သခင်ကမှာ၍ထားသည်။

"နေမကောင်းလို့လား ကောင်လေး"

"ကောင်းပါတယ် ကျနော်သွားလိုက်မယ်နော်"

မလက်ကာသည် အခန်းရှေ့မှလှည့်ထွက်သွားသည်။စေလိုရာ လည်းမှိုင်တွေနေတာမို့ ရေကိုအမြန်ဆုံးနဲ့သန့်ရှင်းအောင် ချိုးခဲ့ပြီး ဖရင့်ရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်။

"ကြာတယ် စေလိုရာ"

ဖရင့်အခန်းထဲမှာလမ်းလျှောက်ရင်း တံခါးပေါက်ပွင့်အလာကို စောင့်မျှော်နေရသည်။ငါဘာလို့မင့်ကို စောင့်နေတာလဲမသိပေမယ့်။မင့်ကို အားရပါးရ နှိက်စက်လိုက်ရရင် လေးလံနေတဲ့စိတ်တွေ့ပေါ့သွားသလိုပဲ။မင့်ရဲ့နှုတ်ဖျားက နာကျင်စွာညီးညှူနေတာကိုလည်း မြင်ရရင်ကျေနပ်နေပြန်ရော့။

ဖရင့်ဒီနေ့တစ်မျိုးပြောင်းပြီး ကစားမယ်ဟုစိတ်ကူးထားသည်။ဒါမှမင်းလည်း ငါ့ကိုစွဲလမ်းသွားမှာပေါ့။ထိုအချိန်မှာပဲ အခန်းတံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။‌ကြမ်းပြင်ကိုအသာအယာနင်းလျှက် ဖွဖွလေးလျှောက်လာပြီး ဖရင့်ရဲ့ရှေ့တွင် မက်တပ်ရပ်သည်။ဒီကောင်လေးရဲ့မျက်နှာကဘာလို့ သွေးမရှိသလိုဖြစ်နေရတာလည်း ဒါမှမဟုတ် နေမကောင်းနေတာလား။သူဘာဖြစ်ဖြစ် ငါနဲ့မှမဆိုင်တာပဲ။

"စေလိုရာ "

"ဟုတ်ကဲ့သခင်"

"မင်းငါ့ကို မုန်းနေမှာပေါ့"

သခင့်ရဲ့မေးခွန်းကြောင့်စေလိုရာခေါင်းကိုမော့ပြီး အတင်းခေါင်းရမ်းပြလိုက်သည်။

လိင်ကျွန် ( +21❗ warning )Where stories live. Discover now