Part6

7.1K 75 3
                                    

Please Warning

ရေနီဆီမီးအိမ်မှ အလင်းရောင်ဖျော့ဖျော့သည် အခန်းငယ်လေးထဲတွင် မှုန်ဝါးစွာဖြင့် အားလျော့စွာလင်းလက်နေ၏။အဝင်တံခါးပေါက်မှလွဲ၍ မည်သည့်အပေါက်မှမရှိတာကြောင့် ဖရင့်အတွက် အသက်ရှူရတာပင် မွန်းကျပ်လှ၏။ခန္တာကိုယ်တစ်ခုလုံးကို နီညိုရောင်ချည်သားစဖြင့်သိုင်းခြုံထားပြီး မျက်နှာကိုသာ အနည်းငယ်ဖော်ထားသည်။ဒီခြံဝန်းနဲ့ဒီအိမ်ကြီးတစ်ခုလုံးကို ဖရင့်ပိုင်ဆိုင်သော်ညားလည်း အစေခံတစ်ယောက်၏ အခန်းထဲသို့ ဝင်ရောက်နေခြင်းကို မည်သူမျှမြင်၍မဖြစ်ပေ။လိင်ကျွန်တစ်ယောက်ရဲ့ အခန်းထဲဆိုပါက ပို၍ပင်ဆိုးပေလိမ့်မည်။

လိင်သာယာမှုအပေါ် သာယာမက်မောနေသည်ဟူသော စကားဖြင့် နောက်ကွယ်တွင် လှောင်ရယ်မောကြမည့်အဖြစ်ကို စိုးရွံ့ပါသည်။နေမကောင်းဖြစ်နေသည်ဟု အိမ်တော်ထိန်းမလက်ကာဆီမှ သိရ၍ လူသူအိပ်ပျော်နေကြသည့်အချိန်တွင် တိုးတိတ်စွာ ဝင်လာခဲ့ခြင်းဖြစ်သည်။အကြောင်းပြချက်ကိုရှာ၍မရသည့်တိုင် တွေချင်၍လာခဲ့ခြင်းဖြစ်သည်။

"အင် အင့်"

ထိုစဉ်မှာပဲ စေလိုရာ၏ ညှီးငြူသံကြောင့် မရင့်နောက်ကိုခြေလှမ်းဆုပ်မိသွားသည်။သို့သော်ခနမျှသာဖြစ်၏။သူ၏ အိပ်ရာသေးသေးလေးရှိရာသို့ ခြေကိုဖွဖွနင်းပြီး သွားနေမိသည်။‌သားကောင်းပေါင်းများစွာနှင့် တိုက်ခိုက်သည့်အခါ ရခဲ့သော စိတ်လှုပ်ရှားမှုနှင့်လည်းမတူညီ။ရန်သူများနှင့်ရင်ဆိုင်တိုက်ခိုက်သည့်အချိန် ခံစားရသော စိတ်ခံစားချက်လည်းမဟုတ်။ချောမောလှပါ့သော မိန်းကလေးတွေနှင့် လိင်မှုပြုတဲ့အခါရတဲ့အရသာနှင့်လည်း မတူညီသောခံစားမှုတစ်ခုက ခြေတစ်လှမ်းဆီတိုင်းတွင် ပို၍ပို၍ တိုးထွက်လာ၏ ။

မီးရောင်ပါးပါးအောက်တွင် ထူထဲသောနှုတ်ခမ်းနှင့် ဖောင်းအိအိပါးပြင်သည် ကွတ်၍ထင်းလို့နေသည်။

"စေလိုရာ မင်းက စုန်းကဝေများလား"

"မင်းဘာပဲဖြစ်နေနေ မင်းကိုငါပိုင်ပြီးသားပဲ နေ့နေ့ညညငါလိုအပ်တိုင်းမင်းရှိနေရမှာပဲ ဟားဟား"

လိင်ကျွန် ( +21❗ warning )حيث تعيش القصص. اكتشف الآن