Part-3

1.1K 52 0
                                    

For Uni

"ဟဲ့ .. ဟိုအကိုကိုကြည့်ပါဦး၊ ချောလိုက်တာမှလွန်ရော"

"အေးဟယ်၊ ခန့်ညားလိုက်တာ"

"အဲ့လိုအချင်းရော၊ အဆင်းပါပြည့်စုံတဲ့ လူမျိုးနဲ့သာ အိမ်ထောင်ဖက်ဖြစ်လိုက်ရရင်တော့လေ .."

"ဟဲ့ ..ညည်းတိုးတိုးပြောပါ၊ ကြားသွားခါမြှဖင့်"

"အို..ဘာဖြစ်တုန်း၊ မိန်းကလေးဆန္ဒကြေညာပြီးသားပေါ့"

"အဲ့ဒါ ဘာဖြစ်နေကြတာတုန်း !"

ဟိန်းကာထွက်လာသည့် အသံကြောင့် မိန်းကလေးနှစ်ယောက်သာမက အေမ၊ အန်တီမြနှင့် ရာဇာပါလှည့်ကြည့်မိကြသည်။ ထိုမိန်းကလေးများ၏ စကားအားရာဇာကြားမိပါသည်။ သို့သော်ငြား မကြားဟန်ဆောင်ကာနေခြင်းဖြစ်သည်။ ဒါကို ခုမှဝင်လာတဲ့ နောင်ရိုးက ကြားပြီး ထအော်ခြင်းဖြစ်သည်။

"အယ် ..ကိုကြီးနောင်ရိုး၊ ဘာ ..ဘာမှမဖြစ်ပါဘူး"

"မိန်းကလေးတြွေဖစ်ပြီး၊ ငါမပြောသေးဘူးနော်"

"ဟုတ် ...ဟုတ်ကဲ့ပါ"

နောင်ရိုး၏ ဆူသံကြောင့် မိန်းကလေးနှစ်ယောက်ခဗျာ အသက်တောင်ဝဝပင်မရှူရဲကြချေ။ မဖြစ် ဒီအခြေနေကိုသူဝင်ပါရတော့မည်။

"နောင်ရိုး ..ခင်ဗျားဒီအိုးလေးတွေသယ်ပေးနိုင်မလား"

"ရတယ် မောင်သယ်ပေးမယ် ခုလာပြီဗျို့ "

နောင်ရိုး၏ မောင် ဟူသော အသုံးနှုန်းကြောင့် ထိုနေရာတွင်ရှိသော လူအားလုံးက သူ့အားစုပြုံကြည့်လာသည်။
သူသည်လဲ မနေတတ်စွာဖြင့် ..။

"နောင်ရိုး ခင်ဗျားတော့သေချင်ပြီ၊ မပြောင်ပဲ မြန်မြန်လာသယ်"

ရှက်ရှက်ဖြင့် ပြောကာ ရာဇာထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ အား ..! ရှက်ဖို့ကောင်းလိုက်တာ။

ထိုတစ်ညတွင်တော့ ရာဇာက သုံးနာရီမျှအိပ်လိုက်ရပြီး နောင်ရိုးကတော့ တစ်မှေးမျှ မမှေးလိုက်ရပါ။

မနက်ခင်းတွင်တော့ ရွာ၏ဓလေ့့အရ အလှူအဝင်နေ့အား ခမ်းနားစွာကျင်းပကြ၏။ မောင်ရင်လောင်းများအား မြင်ပေါ်တင်ကာ ရွာအနှံ့လှည့်ပတ်ရသည်။ ပြုံးပျော်နေသည့် အလှူ့အမကြီးနှင့် အလှူ့ဒကာကြီးတို့မှာလဲ ဝမ်းသာကြည်နူး၍ ထင်၏ မျက်ရည်များပင်ဝေ့လျှက်ရှိ၏။

'မောင့်ရာဇာ'(Complete)Where stories live. Discover now