Part-4(Final)

1.6K 62 0
                                    

For Uni

အလှူနေ့ဖြစ်တာကြောင့် ကြာကြာအိပ်ရန်မသင့်တော်တာကြောင့် ရာဇာမနက်သုံးနာရီကတည်းကပင်နိုးနေသည်။ သူ့ထက်အစောနိုးတတ်သော နောင်ရိုးသည် မည်သည့်အချိန်ကတည်းက ထသွားသည်မသိ ဘေးနားစမ်းကြည့်တော့လဲ အေးစက်နေသည့် ကြမ်းခင်းကိုသာစမ်းမိသည်။ ထသြားတာ ကြာပြီထင်ပါရဲ့ ...။

ရာဇာသည်လဲ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ရန် အောက်သို့ဆင်းလာခဲ့လိုက်သည်။ မနက်သုံးနာရီ မှောင်ရီနေသောအချိန်ဖြစ်သော်ငြားလည်း နောင်ရိုးသည် လှေကားမှတစ်ဆင့် အုတ်ကန်ဆီသို့သွားသည့် မီးချောင်းများအားသွယ်တန်းထွန်းပေးထား၏။

ရာဇာလဲ မျက်နှာသစ်ကိုယ်လက်သန့်ဆင်ကာ အိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။ ထိုအခါတွင်တော့ နောင်ရိုးကအပေါ်သို့ရောက်နေပြီဖြစ်သည်။

"ရာဇာ နိုးနေပြီလား၊ စောပါသေးတယ်"

"၅နာရီက် တရားနာမြာမလား၊ ကူလုပ်ပေးမလို့"

"ကျုပ်ရှိနေတာပဲကို အပင်ပန်းခံလို့"

"ရတယ္ဆို၊ ဖယ်ဦး ကျုပ်အဝတ်လဲမလို့"

"အင်း ကျုပ်အောက်မှာစောင့်နေမယ်၊ ရာဇာပြီးရင်ဆင်းလာခဲ့ ကူချင်ရင်လဲ အဆာပြေစာစားပြီးမှသာကူတော့"

"အင်းပါ"

နောင်ရိုးအောက်ဆင်းသွားသည်နှင့်ရာဇာလဲ အဝတ်လဲကာ အောက်သို့ဆင်းလာခဲ့လိုက်သည်။ အိမ်အောက်စားပွဲဝိုင်းတွင် ထိုင်စောင့်နေသောသူ၏အရှေ့တွင်တော့ အမည်စုံသော မုန့်များအား ပန်းကန်ထဲသို့ထည့်ကာချထား၏။

"လာ ..ရာဇာ"

ရာဇာ့အားထိုင်ခိုင်းကာ လက်ဖက်ရည်ခွက်လေးအား ရှေ့သို့တိုးပေး၏။

"ဒီမြာ မုန့်၊ အဆာပြေလေးစားထား"

"အင်းပါ"

ရှေ့ရှိပန်းကန်ထဲမှ ကောက်ညှင်းထုတ်တစ်ထုတ်အားယူကာ စားလိုက်၏။

"ကျုပ်ဘာတွေကူစရာရှိသေးလဲ နောင်ရိုး"

"ဘာမှသိပ်မရှိပါဘူး၊ ဒီတိုင်းမေမေတို့နားကပ်နေလိုက်"

'မောင့်ရာဇာ'(Complete)Where stories live. Discover now