A story with a cockroach

1.3K 133 88
                                    

UNICODE

" ချစ်ယောင်္ကျားရေ~ မင်းအမျိုးသားပြန်လာပြီဟေ့ "

ထယ်ယောင်းတစ်ယောက်အနက်ရောင်အိတ်ကလေးကိုဆွဲကာဖိနပ်တို့ချွတ်ပြီးအိမ်ထဲသို့အပြေးဝင်လာလေသည်။ မကြာသေးခင်မှပူပူနွေးနွေးရထားသည့်ချစ်ယောင်္ကျားလေးရဲ့မျက်နှာအားမော်ဖူးချင်ပါသေးရဲ့။ ဒါကြောင့်ပင်အခုလိုအိမ်ထဲသို့လူအရင်မရောက်ပဲအသံကအရင်ကြိုရောက်နှင့်လေတော့သည်။

" လာပြီလို့ဆိုနေ ဘာလို့အရမ်းအော်ခေါ်နေတာလဲကိုကိုယောင်းရဲ့! "

" လာပါအုံးအနားကို...အနမ်းပေးချင်လို့ "

ဟော...ကြည့်ကြည့် အခုမှရောက်လာတာကိုလူကိုအတင်းအနားကိုခေါ်တယ်။ပြီးရင်အသက်ရှုကျပ်တဲ့အထိနမ်းအုံးမယ်။ နောက်ပြီးရင် အိပ်ယာပေါ်...

" အင့်....ကိုကို! "

" မွမွ ကိုကို့ရဲ့အချစ်ကလေးကိုလွမ်းလို့ပါဆို "

" မရဘူး...မရဘူး အခုမရသေးဘူး...ဟင်းအိုးတန်းလန်းကြီး ညစာငတ်ကုန်လိမ့်မယ် "

ဂျောင်ဂုသည်လက်ထဲရှိဟင်းချိုဇွန်းအားကိုင်လျက်ပင်ထယ်ယောင်းရင်ခွင်ထဲမှအတင်းရုန်းထွက်လေသည်။ ဒါကို ကိုကိုယောင်းကသိပ်ကြိုက်ပုံမပေါ်လှ။ မျက်နှာရှစ်ခေါက်ချိုးဖြင့်သူ့အားလက်ပိုက်ပြီးကြည့်နေလေသည်။

" ပြွတ်စ်..ချစ်စရာလေးကိုကိုယောင်းက "

နှုတ်ခမ်းပါးကိုလှစ်ခနဲနမ်းကာအေပရွန်ကားယား၊ဇွန်းကားယားဖြင့်ထွက်ပြေးသွားလေသည်။ ချစ်လှစွာသော၊အူယားဖို့ကောင်းလွန်းလှပါသောချစ်ယောင်္ကျားရဲ့အပြုအမူတို့ကိုကြည့်ပြီးထယ်ယောင်းမှာရယ်မိလေသည်။

ဒါကတော့ကျွန်တော်အိမ်ပြန်ရောက်ရင်အမောပြေရတဲ့အကြောင်းအရင်းပေါ့။ ကျွန်တော့်ရဲ့ချစ်စရာကောင်းတဲ့ယောင်္ကျားကကျွန်တော်ပြန်မလာခင်အချိန်ထိမီးဖိုချောင်ထဲမှာပဲအမြဲအချိန်ကုန်နေတယ်။ ကျွန်တော်ပြန်လာရင်လည်းမီးဖိုခန်းထဲကနေဇွန်းကြီးတကားကားနဲ့ထွက်လာ​ပြီးကြိုတတ်သေးတယ်။

အခုလည်းကြည့်ပါအုံး...မီးဖိုခန်းထဲကိုပြန်ပြေးဝင်သွားလိုက်တာများ...မဝင်ခင်ခဏလေးအတွင်းမှာသူ့ရဲ့နီမြန်းနေတဲ့နှုတ်ခမ်းသားတစ်စုံနဲ့ကျွန်တော့်ရဲ့နှုတ်ခမ်းကိုအကြင်နာပေးသွားသေးတာဗျ။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ? ကင်မ်ဂျောင်ဂုကိုပိုင်ဆိုင်ရခြင်းကကျွန်တော့်ဘဝအတွက်တန်ဖိုးမဖြတ်နိုင်ဆုံးသောလက်ဆောင်တစ်ခုပါပဲ။

A HOMEMADE GIFT(HE IS MY HUSBAND)Where stories live. Discover now