Part - 2

1.2K 184 25
                                    

Unicode

" တစ်ခြားအခန်းမှနေဖို့မစဉ်းစားနဲ့ ငါနဲ့တစ်ခန်းထဲပဲနေရမယ်..မင်းကိုငါဒီနေ့ပဲလက်ထပ်ထားတာ...ပတ်ဆောင်းဟွန်း.."

အဖြစ်အပျက်တွေကဘာတွေလဲဆိုတာဆောင်းဟွန်းမသိချင်တော့..။ မနက်ခင်းကတင် လွတ်လပ်နေတဲ့ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်တဲ့ဆောင်းဟွန်းက လက်ရှိမှာတော့ အရှုပ်ပေါင်းစုံနှင့်အတူ အီဟီဆွန်းလက်ကိုဆွဲကိုင်ထားရသည်..။

ရူးပေါပေါနိုင်တဲ့မင်္ဂလာပွဲတစ်ခုကို သူတို့ဖန်တီးခဲ့ကြတယ်..။ ဆောင်းဟွန်းကကြားထဲက ဓားစာခံ....။ မင်္ဂလာပွဲဖျက်သိမ်းရမဲ့အစား ထွက်ပြေးသွားတဲ့အမနေရာမှာအစားထိုးခံလိုက်ရတဲ့ဆောင်းဟွန်းကို မေမေကကြည်ကြည်ဖြူဖြူပဲလက်ခံသည်..။ တစ်ဖက်က အီဟီဆွန်းရဲ့မိဘတွေကသဘောမတွေ့ပေမဲ့ အီဟီဆွန်းကိုယ်တိုင်ရဲ့မာနတွေက ဒီမင်္ဂလာပွဲကိုဖျက်သိမ်းဖို့ အခွင့်မပေး..။

နာမည်ပျက်မှာဆိုးတဲ့တစ်ခုတည်းသောအကြောင်းပြချက်မှာ ဆောင်းဟွန်းကစေလိုရာဖြစ်ခဲ့ရသည်..။ ငြင်းဆန်ခွင့်...မရှိဘူး...မေမေ့ပါးစပ်ကငြင်းဆန်ခွင့်ကိုပိတ်ပင်ထားသည်..။ ဆောင်းဟွန်းကလိမ်မာတဲ့ကလေးတစ်ယောက်မဟုတ်ပေမဲ့ ကလန်ကဆန်လုပ်ပစ်တတ်တဲ့လူလဲမဟုတ်..။ ဒီလက်ထပ်ပွဲက သူ့အတွက်အရေးပါတယ်ဆိုတာလဲမရှိသလို လက်ထပ်လိုက်ရ၍ ထွေထူးကာဝမ်းနည်းခြင်းလဲမရှိ..။ဆောင်းဟွန်းစိတ်ဟာတကယ်ဗလာသက်သက်..။

သို့ပေမဲ့ ထိုဗလာသက်သက်မှာ အရောင်တွေဆိုးချတော့မဲ့အချိန်ကိုရောက်လာခဲ့ပီထင်သည်..။

" ဒါဆို ကျွန်တော်အခန်းထဲဝင်နားလိုက်ပါဦးမယ်.."

" မငြင်းဘူးလား... ကိုယ်မရင်းနှီးတဲ့ယောကျာ်းတစ်ယောက်နဲ့တသ်ခန်းထဲတူတူအိပ်ရမှာကို မင်းမငြင်းဘူးလား..."

အခန်းထဲဝင်ခါနီးဆောင်းဟွန်းလက်ကောက်ဝတ်ကိုဆွဲရင်းမေးလာတဲ့ ထိုလူကို စိတ်ညစ်လက်ညစ်ဖြင့်လှည့်ကြည့်မိပြန်သည်..။ သူတအားပင်ပန်းနေလို့နားချင်ပြီ..။ လူတွေအများကြီးနဲ့ဆက်ဆံလိုက်ရတာ ထင်တာထက်ပို၍ပင်ပန်းသည်..။ အီဟီဆွန်းအတွက် ထွေထူးတဲ့ကိစ္စမဟုတ်ရင်တောင် ဆောင်းဟွန်းအတွက် စိတ်ပင်ပန်းသည်..။ ခပ်တင်းတင်းဆွဲကိုင်ခံထားရတဲ့လက်ကောက်ဝတ်ကို နောက်လက်တစ်ဖက်ဖြင့် ဖြုတ်ယူလိုက်ရင်း..

𝑨𝒍𝒍 𝑰 𝑵𝒆𝒆𝒅 𝑰𝒔 𝒀𝒐𝒖 // 𝑯𝒆𝒆𝒉𝒐𝒐𝒏Where stories live. Discover now