Unicode
" ဝင်ခဲ့ပါ..."
တစ်မနက်လုံးမအားလပ်နိုင်တဲ့ meetingပေါင်းများစွာနဲ့ သိပ်ကိုအလုပ်ရှုပ်တဲ့ဗုဒ္ဓဟူးနေ့ဖြစ်နေခဲ့သည်.. ဖိုင်များစွာကဘေးမှာနေရာယူထားသလို အတွင်းရေးမှူးဖျော်ပေးထားတဲ့ကော်ဖီခွက်အေးစက်လျက်ရှိသည်.. ဗိုက်ဆာနေတာမို့လို့ စားသောက်ဖို့မှာယူထား၍ တံခါးခေါက်သံကြောင့်ရောက်လာပီထင်သည်.. စာရွက်တွေကိုအနည်းငယ်ပုံလိုက်ရင်း စားစရာတင်နိုင်ရုံချဲလိုက်သည်..။
ဝင်လာတာက အတွင်းရေးမှူးမဟုတ်တော့ ဟီဆွန်းမျက်ခုံးတစ်ဖက်ကပင့်တက်သွားသည်... ဟက်ခနဲရယ်သံပြုရင်း ရှေ့ကိုရောက်လာတဲ့ဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်ကိုအာရုံပြုကာ..
" မဖိတ်ထားဘူးထင်တယ်.."
" ရှင့်ရဲ့ကြင်ယာလောင်းကို ဒီလိုပဲပြောတော့မှာလား.."
အကြောကပိုတင်းလာတယ်..အရင်ကထက်...ချစ်ရတဲ့လူမဟုတ်တာမို့ သူမရဲ့အကြောတင်းမှုကိုသည်းခံဖို့တစ်စက်လေးမှမရှိ..အိမ်ထောင်ပျက်ဖြစ်သွားတဲ့အကြောင်းကိုကြားပါတယ်..စုံစမ်းလို့မဟုတ်ပဲ.. လူလိမ်တစ်ယောက်က နာမည်ကြီးတာမို့..။ ဒီလိုလူလိမ်အတွက် အီဟီဆွန်းလိုလူမျိူးကိုလူပုံလည်မှာအရှက်ကွဲစေခဲ့တဲ့သူမက အခုချိန်ထိမျက်နှာပြောင်တိုက်ဆဲ...။
" မင်းအနေနဲ့ အင်း ခဲအို...ခဲအိုတစ်ယောက်ကို ဒီလိုသုံးဖို့သင့်ရဲ့လား..."
" ခဲအို...အဟင်း...အဲ့တာက ဟန်ဆောင်မှုသက်သက်ပဲမဟုတ်လား... တကယ်တော့ကျွန်မကမှရှင့်ရဲ့ ဇနီးလောင်းလေ.."
နက်ကတိုင်ကိုအနည်းငယ်ဖြေလျှော့လိုက်သည်.. လေပူတွေကိုတစ်ချက်မှုတ်ထုတ်ရင်း ဘယ်တုန်းကမှလှတယ်လို့မထင်ခဲ့ဖူးတဲ့ဆေးဆိုးပန်းရိုက်မျက်နှာကို ခပ်စူးစူးစိုက်ကြည့်လျက်
" ဘာအဓိပ္ပါယ်မှမရှိတဲ့စကားတွေဆက်ပြောမယ်ဆိုရင် ထွက်သွားဖို့တောင်းဆိုပါတယ်.. ဒါက မင်းနဲ့ငါ့ရဲ့ပတ်သတ်တဲ့ မိသားစုဆက်ဆံရေးကြောင့် ကောင်းကောင်းမွန်မွန်ပြောနေတာပါ.."
" ကျွန်မရှင်းရှင်းပဲပြောမယ် အီသန်...."
" မင်းပါးစပ်က အဲ့နာမည်ခေါ်စရာမလိုဘူး..ငါခေါ်ခွင့်ပေးတဲ့လူကလွဲရင် မင်းလိုပါးစပ်ကခေါ်စရာအကြောင်းမရှိဘူး ယွန်းဆော.."