Part-16

2.9K 264 10
                                    

[Unicode]
"ရှင်းရှင်း အဝတ်တွေထည့်ပြီးပြီလား"

"ပြီးပြီဗျ အဆင်သင့်ပဲ ကားကဘယ်အချိန်ထွက်မှာတဲ့လဲ"

"မနက် 4နာရီထွက်မယ်တဲ့"

"အီးရား အစောကြီးပဲ"

စောင့်ကြည့်သူတို့ထံမှ ခေတ္တရှောင်ရှားရန် ဖလော်ရန်ကျွန်းသို့ခရီးစဥ်အတွက် ပြင်ဆင်နေကြခြင်းပင်။ ထွေထွေထူးထူး ဘာမှတော့ သိပ်မပါ။ ခရီးဆောင်အိတ် တစ်ယောက်တစ်လုံးနှင့်ပင် လုံလောက်နေပြီဖြစ်၏။

"‌အာ သွားတိုက်တံတို့၊ မျက်နှာသုတ်ပဝါတို့ မယူတော့ဘူးလား"

"အခေါင်အဖျားဒေသသွားမှာမှ မဟုတ်တာဗျာ၊ ဟိုရောက်မှဝယ်လည်းရပါတယ်"

"အင်းပါ ဟုတ်ပါပြီ၊ ဒီညတော့ စောစောအိပ်ရအောင် မနက်အစောကြီးထရမှာ"

တိမ်ယံရှင်းက အိပ်ရာပေါ်လွှားကနဲ ခုန်တက်လိုက်ကာ သူရဇ္ဇဘေးတွင် ဝင်လှဲလိုက်သည်။ သူရဇ္ဇရဲ့ စောင်ကို လုခြုံဖို့လည်း မမေ့။

"တပ်မှူး"

"အင်း"

တိမ်ယံရှင်းက တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် သူရဇ္ဇကို တပ်မှူးလို့ခေါ်တတ်သည်။ အထူးသဖြင့် နှစ်ယောက်တည်း ရှိတဲ့အချိန်မျိုးမှာဆိုရင် ခေါ်လေ့ရှိပေသည်။

"ခင်ဗျား နန်းတော်ကြီးကို မလွမ်းဘူးလား"

"အမ် ဘယ်လိုပြောရမလဲ၊ နှစ်တွေအကြာကြီးနေခဲ့ ရတာဆိုတော့ သံယောဇဥ်တော့ရှိပါရဲ့၊ ဒါပေမယ့် ကိုယ့်ဆန္ဒက ရှင်းငယ်အနားနေရဖို့လေ၊ ရှင်းငယ်သာ မရှိရင် နန်းတော်ကြီးကလည်း ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"

အခန်းထဲရှိ လေထုကခေတ္တမျှငြိမ်သက်သွားကာ ဘာစကားသံမှထပ်ထွက်မလာတော့။ သူရဇ္ဇမှာ ရှင်းရှင်းအိပ်သွားပြီအထင်နှင့် ဘေးကိုစောင်းငဲ့ကြည့်ရန် ပြင်လိုက်စဥ်တွင် ဘေးကကောင်လေးက သူ့ရင်ခွင်အတွင်း တိုးဝင်လာ၏။

"အူးဝါး ကျွန်တော့်ယောကျ်ားက တအားအပြောကောင်းတာပဲ ရင်ထဲထိသွားပြီ"

သူရဇ္ဇ ခပ်ဟဟရယ်လိုက်ရင်း ကောင်လေး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

This Coffee Tastes Like My Past [completed]Where stories live. Discover now