၂၀၀၉ ခုနှစ်ရဲ့ ဆောင်းဦးဖြစ်တယ်။
ရွှေအိုရောင်အတိဖုံးတဲ့ကမ္ဘာဦးပင်ရဲ့ ရွက်ခြောက်တွေ၊
နီစွေးတဲ့ မေပယ်လ်တွေ ၊
မိုးမခပင်ရဲ့ အုပ်ဆိုင်းတွဲကျနေတဲ့ အရွက်တွေ။မနက်ပိုင်းမှာ အနည်းငယ် ရစ်သိုင်းစပြုလာတဲ့
နှင်းငွေ့ရည်မှုန်တွေ။ချန်းယောလ်နဲ့ဘတ်ဟျွန်းကတော့
မှုန်ရီရီ မနက်ခင်းတိုင်း
ရပ်ကွက်ထဲက ပရိဘောဂဆိုင်လေးဖွင့်ဖို့
တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး
လာကြမြဲ။ချန်းယောလ်ရဲ့ လက်ကို ယမ်းကိုင်ရင်း
ဘတ်ဟျွန်းက ပြောတယ်။"ဒီချိန် ဂန်ဝန်ဒိုမှာ လက်ထပ်ပန်းခင်းကြီး
ဖွေးဖွေး ဖြူနေလောက်ပြီနော် ကိုကို"အမေးစကားလား၊ အတည်ပြုပြောစကားလား
မသဲကွဲ ကိုကို့ကို မော့ကြည့်ရင်းပြောတော့
ခပ်အေးအေး တစ်လုံးသာပြန်ဖြေတယ်။"အင်း..."
"နောက်နှစ်ကျ Chuseok ပိတ်ရက်ပြီးရင်
ဂန်ဝန်ဒို လိုက်ပို့ပေးနော် ကိုကို"ကိုကိုရဲ့ ပုံစံက အိပ်နေရင်း လမ်းထလျှောက်နေတဲ့လူလို
ခပ်မြောမြောလွင့်နေတဲ့ ခန်းဆီးပိတ်စလို
အိမ်မက်ယောင်ဆန်လှတယ်။ဒုတိယအကြိမ်မြောက် ခပ်ပေါ့ပေါ့စကားကိုသာ
ဘတ်ဟျွန်းကြားရပြန်တယ်။"အင်း"
ဒီလိုနဲ့ ဘတ်ဟျွန်းဖက်ကလည်း
အလိုက်တသိ တိတ်ဆိတ်လိုက်ရပြန်တယ်။
လမ်းလျှောက်နေရင်း ကိုကို့နံဘေး ပိုပိုတိုးပြီး
အနွေးဓာတ်လေး ရယူတယ်။ဒီရက်ပိုင်းထဲ ကိုကိုက
အမြဲ ဒီလို ဒွိဟဖြစ်နေတဲ့ ရုပ်နဲ့။တစ်ခါတစ်လေ အပြင်ထွက်ပြီး
မိုးကြီးချုပ်မှ ပြန်လာတတ်တယ်။ဘယ်သွားလဲ မေးရင်လည်း
ပြန်မဖြေတော့ ။
"စကားမများပဲ အိပ်တော့ ငယ်ငယ်"ဟု
အမိန်ဆန်တဲ့ ခပ်အုပ်အုပ်စကားသံသာကြားရတယ်။မနက် ၇နာရီထိုးပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ
ဘတ်ဟျွန်းတို့ ဆိုင်ရှေ့ကို ရောက်လာကြပြီ။