Episode 14

231 36 10
                                    

လူနဲ့အကြာဆုံးနေတာဟာ
အမာရွတ်ကလွဲပြီး ဘာရှိသေးလဲ။
လူသားရေ...အရာအားလုံးဟာ ဖြစ်ပြီးရင်
ပျက်တတ်ပါတယ်။

///////

၂၀၀၉ ။ နိုဝင်ဘာ။

အောက်တိုဘာ စဝင်ပြီဆိုကတည်းက
နေ့တိုင်း နေ့တိုင်း မနက်‌ဆို ကျောစိမ့်အောင်ချမ်းတယ်။ဆောင်းရာသီ ရောက်လာပြီ။

ပထမဆုံး နှင်းကျတဲ့နေ့က
ချန်းယောလ်နဲ့ဘတ်ဟျွန်း
အတူတူနှင်းလျှောစီးဖို့သွားကြတယ်။

ဘတ်ဟျွန်းအတွက် အနွေးထည်သစ်တွေ
ထပ်ဝယ်ပေးပေမယ့် ချန်းယောလ်ကတော့
ချည်အနွေးထည် ပါးပါး ၃ထည်နဲ့
ဟူဒီ ပွပွ နှစ်ထည်ကိုပဲ ထပ်ခါတလဲလဲ
အမြဲဝတ်တယ်။

ဆိုဟွာရပ်ကွက်ကို ရောက်စတုန်းက
ဗလာဟင်းနေတဲ့ ချန်းယောလ်တို့ အခန်းကျဉ်းကျဉ်းလေးထဲမှာ
အခုဆို ပစ္စည်း ကွိစိကွစလေးတွေ များနေပြီ။

အဝင်တံခါးဘေးက ဖိနပ်ဘူးလေးထဲက
အရောင်နွမ်းနေတဲ့ ရှူးဖိနပ်တစ်ရံနဲ့
အဖြူရောင် ရှူးဖိနပ်သန့်သန့်လေး တစ်ရံ။

အိမ်ခေါင်းရင်းက Slide ပြတင်းပေါက်ဘောင်မှာ
ပန်းအိုးလေးတွေက အရေအတွက် တစ်ခုကနေ
နှစ်ခု ၊ နှစ်ခုကနေ သုံးခု။

ပြတင်းပေါက် ခန်းဆီး အဖြူရောင်လေးမှာ
လက်ရေး ဆိုးဆိုးနဲ့ စာနှစ်လုံး ရှိတယ်။
တွန့်လိမ်နေတဲ့ တီကောင်လက်ရေးနဲ့
တစ်ခုက ချန်းယောလ် ရေးထားတဲ့
"ပတ်ခ်ဘတ်ဟျွန်း" ဖြစ်ပြီး

တစ်လုံးကြီး တစ်လုံးသေးဖြစ်နေတဲ့
"ပတ်ခ်ချန်းယောလ်"ကတော့
ဘတ်ဟျွန်းရေးထားတာဖြစ်တယ်။

နံရံကပ် ဗီဒိုထဲမှာ ပေါပေါများများမရှိပေမယ့်
ချန်းယောလ်ရဲ့ အဝတ်အစားလေးတွေက
အမြဲ ခေါက်ရိုးကျိုးပြီး သူ့နေရာနဲ့သူ။

ညာဖက်ထောင့်မှာ ဘတ်ဟျွန်းဖတ်နေကျ
စာအုပ်အချို့နဲ့ ရေဒီယိုလေးတစ်လုံးရှိတယ်။

နံရံမှာ ကပ်ထားတဲ့
ထမင်းစား စားပွဲခုံပုပုလေးကတော့
ချန်းယောလ် ကိုယ်တိုင်ပဲ လုပ်ထားတာဖြစ်တယ်။
ဘတ်ဟျွန်းနဲ့ သူနဲ့ နှစ်ယောက်ကလွဲပြီး
ဧည့်သည် မရှိတာမို့ စားပွဲက
ခပ်သေးသေးဆိုတာထပ်
အပိုအလို မရှိဘူး။

H O M E [ *Completed* ]Where stories live. Discover now