အပိုင်း ၄

3.4K 166 11
                                    


“ သူ ဘာတွေဖြစ်နေတာလဲ ? ”

ယွန် က စင်္ကြံလမ်းမှာ ဆက်တိုက်လမ်းလျှောက် နေရာကနေ ရပ်လိုက်တယ် ...

သူမ ဒေါသထွက်ရလွန်းလို့ အနားမှာရှိတဲ့ပစ္စည်းတွေကို ဆွဲယူလွှင့်ပစ်ချင်နေပြီ ၊ ဒါပေမယ့် အဲဒီလို မလုပ်မိဘူး ။ ခုချိန်မှာ သူမရဲ့တည်ငြိမ်ကျက်သရေရှိတဲ့ အထက်တန်းစားအမျိုးသမီးတစ်ယောက်ရဲ့ဟန်ဆောင်မျက်နှာဖုံးက ကွဲအက်လာတော့မလိုပဲ။

ကောင်းကင်တစ်ခုလုံးမိုးခြိမ်းသံတွေကြောင့် တုန်ခါနေပြီး အခန်းထဲကအလင်းရောင်တွေနဲ့ ပြတင်းမှန်မှာ ပုံရိပ်ထင်နေတယ် ၊ မိုးရေစက်တွေစီးကျ‌ နေပုံက ပိုးကောင်ငယ်လေးတွေလိုပဲ။ ယွန်က မျက်နှာကျက်ကို မော့ကြည့်လိုက်တယ် ၊ သေချာတပ်ဆင်ထားတဲ့လျှို့ဝှက်ကင်မရာတွေ နေရာတိုင်းလိုလိုပဲ... ဒီလို မရေမတွက်နိုင်တဲ့ကင်မရာ‌‌ ပေါင်းများစွာနဲ့ သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခံရတဲ့နေရာက သူမအတွက် “ အိမ် ” လို့ ခေါ်တဲ့ နေရာပါတဲ့လေ။

အဲဒီနေရာကနေဆက်လျှောက်လာတော့ ကြမ်းပြင် နဲ့ သူမ ဒေါက်ဖိနပ်ထိမိတဲ့ တဒေါက်‌ဒေါက် အသံတွေပြန်လည်ထွက်ပေါ်လာတယ်... အဲဒီခဏမှာ သူမရဲ့ တည်ငြိမ်ပြီး အေးစက်တဲ့ အမူအယာတွေ ပြန်ပေါ် လာတယ် ၊ ဒီလိုစောင့်ကြည့်ခံရတဲ့ဘ၀မှာ နေသား ကျနေလွန်းလို့ သူမအရိုးထဲထိတောင် ပျော်၀င်နေခဲ့ပြီ။ ပုံမှန်ခြေလှမ်းတွေနဲ့ပဲ သူမအဆောင်ရှိရာကို ပြန်လာခဲ့တယ် ...

အဆောင် ဆိုတဲ့စကားလုံးက ဒီနေရာအတွက်တော့ အသင့်တော်ဆုံးပဲ။ ဒီအဆောက်အဦမှာ မြေညီထပ် အပါအ၀င် အထပ်ပေါင်း ၅ ထပ်ရှိတယ် ၊ မြေညီထပ်မှာတော့ ကားဂိုထောင်ရှိပြီး ဒုတိယထပ်မှာ ဧည့်ခန်း ၊ တတိယထပ်မှာ ထမင်းစားခန်း နဲ့ စာကြည့်ခန်း ၊ လေးထပ်မြောက်မှာတော့ ရေကူးကန် နဲ့ ကိုယ်ပိုင်အားကစားခန်းတွေ အသီးသီးရှိတယ်။ အပေါ်ဆုံးထပ်ကတော့ သူမတို့နှစ်ယောက်အတွက် သီးသန့်အသုံးပြုနိုင်တဲ့ ကိုယ်ပိုင်အခန်းတွေ ရှိတဲ့နေရာ ...

အရှေ့ခြမ်းကတော့ ဆောဂျွန်ဟွန် အပိုင်ဖြစ်ပြီး အနောက်ခြမ်းကတော့ ယွန် ရဲ့ နေရာ... သူမရဲ့ ကိုယ်ပိုင်အဆောင်မှာ ဧည့်ခန်း၊ ပန်းချီဆွဲတဲ့ studio နဲ့ အိပ်ခန်းတို့ရှိတယ် ...

The Man's Perfect Wife Myanmar Translation Where stories live. Discover now