အပိုင်း ၃၂

274 24 0
                                    

" မနေ့ညက S Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဟွန်းဂျင်လုပ်ငန်းစုရဲ့ နှစ်ပတ်လည်ဂုဏ်ပြုညစာစားပွဲမှာ ထွက်ပေါ်လာခဲ့တဲ့ video file ကြောင့် ကျွန်တော်တို့ရဲ့ကုမ္ပဏီကို ကြီးမားတဲ့အကျိုးသက်ရောက်မှု‌တွေဖြစ်စေခဲ့ပါတယ်။ video ကတော့ လွန်ခဲ့တဲ့ ၁၃ နှစ်က ဆုံးပါးသွားခဲ့တဲ့ ဂင်မ်ယောင်းကုမ္ပဏီရဲ့ သမီးဖြစ်သူ ဂန်ရီနာရဲ့အကြောင်းဖြစ်ပါတယ်။ အဲ့ဒီ့ video က hotel မှာရှိနေတဲ့ screen တိုင်းမှာ ‌ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အင်တာနက်ပေါ်မှာပါ ထုတ်လွှင့်ပြသထားခဲ့တာပါ။ ကြည့်ရှုသူထောင်ပေါင်းများစွာက မှတ်ချက်ပေါင်းများစွာကို အခုချိန်ထိရေးသား‌နေကြဆဲဖြစ်ပါတယ် "

" ဟုတ်ပါတယ်ရှင့်။ အားလုံးသိထားကြတဲ့အတိုင်း လွန်ခဲ့တဲ့ ၂၈နှစ်က ရူဟွာကုမ္ပဏီနဲ့ ဂင်မ်ယောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတို့ ပူးပေါင်းပြီး စီးပွားရေးလောကမှာ အင်အားကြီးမားတဲ့ R&K ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဆိုပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဂင်မ်ယောင်း ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ ဂန်ရီနာနဲ့ ရူဟွာ ကုမ္ပဏီရဲ့ သားအကြီးဆုံး မင်ဒယ်ယော့ တို့ကို လက်ဆက်ပေးပြီး နှစ်ဖက်စီးပွားရေးပူးပေါင်းမှုကို ပိုမိုခိုင်မာစေခဲ့တာလည်းဖြစ်ပါတယ်။ ဂန်ရီနာမှာ မိသားစုရှိနှင့်ပြီးသားဖြစ်ပေမဲ့လည်း သူမရဲ့ အရင်‌ခင်ပွန်းနဲ့ သားဖြစ်သူတို့က ပြင်းထန်ဆိုးရွားတဲ့ ကားတိုက်မှု တွေ့ကြုံခဲ့ပါတယ်။ video file ရဲ့ ထုတ်ဖော်ချက်အရ ကားတိုက်မှုကို ဥက္ကဌဟောင်း မင်ဒယ်ယော့ နဲ့ ဟျွန်းဂျင် လုပ်ငန်းစုရဲ့ ဥက္ကဌ ဆောဂျယ်ဟွတ် တို့ ပူးပေါင်းကြံစည်ထားခဲ့ကြတာပါ။ ဒီ video file က ပြည်သူ တွေကြားထဲကို အလျင်အမြန်ပျံ့နှံ့သွားပြီး ကျွန်မတို့တစ်နိုင်ငံလုံး ထင်မှတ်မထားလောက်အောင် ထိတ်လန့်သွားခဲ့ကြရပါတယ် "

" ဒါက သိပ်ကို ကြောက်ဖို့ကောင်းပြီး ရွံ့စရာကောင်းလွန်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ‌ဖြစ်ပါတယ်။ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှုနဲ့ အကျိုးအမြတ်သက်သက် အိမ်ထောင်ရေးကြီးပါ....အရမ်းကိုရက်စက်ပြီးတော့ အော်ဂလီဆန်စရာ‌ ကောင်းလွန်းပါတယ်။ R&K နဲ့ ဟျွန်းဂျင် ဘက်က ဒီကိစ္စအပေါ်မှာဘယ်လိုများတုံပြန်လာလောက်လဲရှင့်? "

The Man's Perfect Wife Myanmar Translation Where stories live. Discover now