Ep. [ 1 ]

14K 404 23
                                    

Ep. [ 1 ]





တိတ်ဆိတ်နေသောရုံခန်းကျယ်ကြီးထဲတွင် စားပွဲကိုလက်ဖြင့်ခေါက်နေသော အသံမှလွဲ၍ဘာမှမကြားရချေ...။ ထိုအသံကိုဖန်တီးသောပိုင်ရှင်သည် ကျန်လက်တစ်ဖက်ကိုနားထင်တွင်ကပ်ထားပြီး မျက်ခုံးနှစ်ဖက်ကတွန့်ချိုးလျှက်ရှိသည်။ ခြေထောက်နှစ်ဖက်ကိုပူးကာ စားပွဲပေါ်လှမ်းတင်ထားပြီး necktie ကိုလျော့တိလျော့ရဲစည်းထားပြီး တွန့်ချိုးထားသောမျက်ခုံးအောက်က အညိုရောင်မျက်ဝန်းတို့ကမေ့မောဖွယ်။

"တီတီ...တီတီ"

ရုတ်တစ်ရက်မြည်လာသောဖုန်းကိုထိုအမျိုးသားကမျက်ဝန်းထောင့်မှကြည့်လိုက်ပြီး ခုံကိုတီးခေါက်နေတာရပ်ကာ ဖုန်းကိုင်လိုက်သည်။ သို့သော်ထိုသူ၏တွန့်ချိုးထားသောမျက်ခုံးတို့မှာပြေလျော့သွားခြင်းမရှိ...။

"Hello...Boss ကျွန်တော် ဦးစဝ်နောင်ရဲ့တည်နေရာကိုရှာတွေ့ပါပြီboss...မြဝတီနယ်စပ်မှာပါတဲ့boss"

ဖုန်းတစ်ဖက်ကလူရဲ့အသံကိုကြားပြီး ရုံးခန်းထဲရှိလူ၏ နှုတ်ခမ်းတစ်စုံမှာတွန့်ချိုးရုံမျှပြုံးသွားသည်။

"ကျွန်တော်ဘာဆက်လုပ်ရမလဲboss"

တစ်ဖက်ကလူ၏စကားကိုပြန်မဖြေပဲ ငြိမ်သက်မြဲငြိမ်သက်နေသည်။

"တောင်းပန်ပါတယ်boss ကျွန်တော်ဦးစဝ်နောင် ကိုလက်စဖျောက်လိုက်ပါ့မယ်"

တစ်ဖက်ကလူရဲ့စကားကိုသူသြရှရှရီသံအနည်းငယ်သာပြုလိုက်ပြီး ဖုန်းချလိုက်သည်။ ထို့နောက် ဖုန်းကိုပြန်ယူလိုက်ကာ လက်မှဂဏန်းအချို့ကိုနှိပ်လိုက်သည်။

"တီ......တီ.........တီ....."

"Hello boss...ဘာကိစ္စရှိလို့လဲဗျ"

"ဘာမှမရှိဘူး...ဒီတိုင်းအကိုမရှိတော့ပျင်းလို့"

ရုံခန်းထဲရှိလူမှပထမဆုံးအနေဖြင့်အသံထွက်လာသည်။ ယောကျာ်းပီသတဲ့သြရှရှအသံက ခင်ပျိုမဒီတိုင်းကို မင်းရဲ့နှလုံးသားတစ်ခုလုံးငါ့အတွက်ပုံပေး ဟုဖျားယောင်းနေသယောင်...။

တစ်ဖက်ကကောင်လေးက နာရီကိုတစ်ချက် Calendar ကိုတစ်ချက်ကြည့်ပြီး မချိပြုံးလေးပြုံးကာ

My Possessive Nine [ Ongoing ] Where stories live. Discover now