Ep.[ 5 ]

3.4K 150 2
                                    

Ep. [ 5 ]




"ကိုကိုး ကို ဦးလေးကြီးဆူတယ် အူးဝါး"

"အဲ့လို...မ...မ..မဟုတ် မလုပ်နဲ့ပဲပြောတာလေ"

"အူးဝါး ဒယ်ဒယ်နားတိုင်မာ ဟင့်"

"မဟုတ်ဘူးလေ ပေါက်စလေးရယ် ငါက မလုပ်နဲ့ တစ်ခွန်းပဲပြောတာလေ"

"သိဘူး တိုင်မာ ဟင့်"

ပြောပြီးတာနဲ့မျက်ရည်ရွဲလဲနဲ့ အိမ်ပြင်ပြေးထွက်သွားတဲ့ကိုကိုး ကိုသူလိုက်ကြည့်ရင်း စိတ်ညစ်စွာ ခေါင်းတစ်ချက်ဖွလိုက်သည်။ ကလေးတွေက တကယ်ပြောရခက်ပါလား။

*တီးတောင်...တီးတောင်*

ဘဲလ် သံကြားတာကြောင့် ကိုကိုးရဲ့ဒယ်ဒယ်ဆိုတဲ့သူရောက်လာပြီဟုသူတွေးလိုက်သည်။သက်ပြင်းတစ်ချက်ချလိုက်ပြီး အပေါက်သွားဖွင့်ပေးလိုက်သည်။

"အစ်ကိုဗျ ကျွန်တော်အိမ်ထဲဝင်လာလို့ရမလားဗျ"

"အင်း ဝင်လာလေ"

ကိုကိုးရဲ့ဒယ်ဒယ်ဆိုသူက မျက်နှာထား ပြုံးစိစိဖြစ်နေတာမို့ ဘာမှတော့မဖြစ်ဘူးဆိုပြီးသူတစ်ထစ်ချတွေးလိုက်သည်။

"ဟိုဟာလေ အစ်ကို ကိုကိုးကအိမ်ကိုငိုပြီးပြန်လာလို့ အဲ့တာ..."

"အင်း...ရှင်းရှင်းပဲပြောပြမယ် ကိုကိုးကငါ့ကိုပြောတယ် သားဒယ်ဒယ်နဲ့ဦးလေးကြီးလက်ထပ်ရမယ်တဲ့ ငါကလည်း မရဘူး ဘာညာပြောတာပေါ့ကွာ အဲ့တာကို ကိုကိုးက ငြင်းရင်း ငါကငြင်းရင်းနဲ့ ကိုကိုးက ငိုသွားတာအဲ့မှာ"

သူ့စကားကြားတော့ တစ်ဖက်လူက နှုတ်ခမ်းပါးတစ်ဖက်ကိုကော့တတ်သွားအောင်ဟန်ပါပါပြုံးသည်။

"ဟုတ်ကဲ့ပါ ကျွန်တော်သိပါတယ် ဒါပေမဲ့ အစ်ကိုရာကိုကိုး လေးကငယ်သေးတော့ သူဘာပြောပြောခွင့်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်ကပြောချင်ပါတယ်"

"အင်း...ငါ့အတွက်ကပြဿနာမရှိပါဘူး ကလေးမို့မသိလို့ပြောတာပဲ"

"ဟုတ်ဘူး ကိုကိုးကသိရဲ့သားနဲ့ပြောတာနော်"

ကြားကနေ ကိုကိုးစကားသံကိုကြားတော့ ကိုကိုးရဲ့ဒယ်ဒယ်ဆိုတဲ့သူက ပြုံးစိစိလုပ်နေသည်။ သူကတော့မပြုံးနိုင် သူ့အဖေတစ်ခုလပ်နဲ့ပေးစားနေတာကြီးကနဲနဲမှမသင့်တော်ဘူးလေ။

My Possessive Nine [ Ongoing ] Where stories live. Discover now