Bad Decision part 19

689 59 0
                                    

Bad Decision part 19

ကုကီ မနိုးသေးတဲ့ ဂျီလေးကို ကြည့်ပီ ပူပမ်းနေမိတယ်

ကင်ထယ်ယောင် နဲ့ ဂျီလေးရဲ ပုံတွေမြင်လိုက်ချိန်မုာ သူဆောက်တည်ရာမရခဲ့ဘူး

အဆိုးဆုံးက ဖုန်းဆက်ချိန်ပဲ နာရီဝက်တစ်ခါ ခေါ်တဲ့ဖုန်းက နောက်ကျတဲ့ထိ ကိုင်သူမရှိချိန်မုာ သူ့ဒေါသက တောက်လောင်လာခဲ့ပီ အတွေးဆိုးတွေလည် နေရာ ဝင်ယူခဲ့ပီ သံသယတွေ ပူလောင်မူ့တွေက လွမ်းခြုံထားခဲ့ချိန်

အလုပ်တွေ အားလုံးကိုပစ်ပီ သူပြန်ဖို့ ချက်ခြင်းပဲ ပြင်ဆင်ခဲ့တယ်
ကိုကိုက ဘယ်လောက်ပဲ စိတ်ဆိုးပြေအောင် နှစ်သိမ့်လည် မရတော့

တားမရတဲ့သူဆီက အလုပ်တွေ လွဲယူပီ ​လက်မှတ် ဝယ်ယူပေးပီ ပြန်လွတ်လိုက်ရပီ

ကိုကို မုာလိုက်တဲ့ စကားလေ သူသတိမရခဲ့ဘူး

ဟုတ်တယ် ကိုကိုပြောသလို ဒေါသ ကိုရှေ့တန်းမတင်နဲ့ စိတ်ကိုထိန်းပါ ဆိုတဲ့ စကားလေးသာ နာထောင်ခဲ့ရင် ဂျီ သတိလစ်မုာ မဟုတ်ခဲ့ဘူး

တောင်းပန်ပါတယ် ဂျီရယ် အမြန်သတိရလာပါတော့

👤''သခင်လေး ညစာသုံးဆောင်လို့ရပါခင်ဗျ''

🐰''မစားချင်ဘူး ''

👤''ဟို...သခင်လေ ပြန်လာကတည်းက ဘာမုမစားရသေးလို့ စားပွဲ ပြင်ပေးထားပါတယ်ခင်ဗျာ''

🐰''မင်းကို ငါမလိုဘူးပြောနေတယ်လေ ''

ကုကီရဲ့အကြည့်အောက်မုာ အလုပ်သမား တွေ ဘာမုပြန်မပြောရဲတော့ပဲ ထွက်သွားကြပီ

ည ၉ နာရီ

ဂျီ လေးလံနေတဲ့ မျက်ခွံတွေကို အားယူပီ ဖွင့်ကြည့်လိုက်တော့

သူ့ဘေးနားမုာ သူ့လက်ကို ဆွဲပီထိုင်နေတဲ့ကုကီ

ဂျီ ရန်ဖြစ်တဲ့ အကြောင်းကို သတိရသွားပီ ကုကီဆွဲထားတဲ့ လက်ကို ရူန်းထွက်လိုက်ပီ နံရံက နာရီ ကြည့်လိုက်တော့ ည ၉ နာရီ

ဂျီ မြန်မြန် ထထိုင်လိုက်ပီ စောင်တွေ ဆေးသွင်းအပ်တွေ ဖယ်လိုက်တော

🐰''ဂျီ ဘာလုပ်မလို့လဲ မင်းနေမကောင်းဘူးလေ''

🐥''ကျနော် သွားစရာရှိတယ်''

Bad Decision Where stories live. Discover now